လူသေ အလောင်း ၁လောင်းတွေ့ရှိ၊ မသင်္ကာတရားခံ ၁ ဦးဖမ်းဆီး


သြဂုတ် ၁၈၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ရွာသားများသည် ဟင်းစားရှာရန်သွားရောက်စဉ် သြဂုတ် ၁၇ ရက်ညနေ ၃ နာရီ ၁၀ မိနစ်တွင် တစ်စင်ချောင်းကမ်းစပ်၌ အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးရာ တွေ့ရှိသည့် အမျိုးသားအလောင်းမှာ ဦးခေါင်းမပါ၊ ဝဲခြေသလုံးပြတ်ရှဒဏ်ရာ ၃ ချက်၊ ညာ လက်မ ပြတ်၍ ရင်ဘတ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရှိရပြီး ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

လူသေအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ညောင်ချောင်း နယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ် နယ်မြေ ၇ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ပန်းတောပြင်အနောက်ရွာ၌ ပေါက်ကွဲမှု ဖြစ်စဉ် နှင့် ပတ်သက်၍ ညောင်ချောင်းကျေးရွာ အိမ်ထောင်စုအမှတ် ၁၂၀ မှ မသင်္ကာတရားခံ မိုဟာမတ် အမရန်း ၃၂ နှစ် အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
လူသေ အလောင်း ၁လောင်းတွေ့ရှိ၊ မသင်္ကာတရားခံ ၁ ဦးဖမ်းဆီး  လူသေ အလောင်း ၁လောင်းတွေ့ရှိ၊ မသင်္ကာတရားခံ ၁ ဦးဖမ်းဆီး Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.