နေကြတ်မှုကို ဝန်ထမ်းများ စောင့်ကြည့်ကြသဖြင့် အမေရိကန်ကုမ္ပဏီများ ဒေါ်လာ သန်း ၇ဝဝ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်

အမေရိကန်နိုင်ငံ၌ နေကြတ်မှုကို ကြည့်ရှု နေကြစဉ်(ဆင်ဟွာ)
    ဝါရှင်တန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ၌ သြဂုတ်လ ၂၁ ရက်တွင် ရာစုနှစ်အတွင်း တစ်ကြိမ်သာဖြစ်ပေါ်သော နေကြတ်မှုမြင်ကွင်းအား လုပ်ငန်းခွင်များထဲမှ အလုပ်သမားများက စောင့်ကြည့်ကြသဖြင့် ကုမ္ပဏီများအနေဖြင့် အနည်းဆုံး ထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၄ သန်းခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရသည်။

ရုံးဖွင့်ရက်အတွင်း နေကြတ်မှုကို စောင့်ကြည့်ရန်အတွက် ဝန်ထမ်းများအနေဖြင့် အနည်းဆုံး အချိန် မိနစ်၂ဝ ခန့် ယူခဲ့ရကြောင်း Gray & Christmas အမေရိကန်အလုပ်အကိုင်ရှာဖွေရေးအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ Andy Challenger က ခန့် မှန်းပြောကြားခဲ့သည်။

ကြီးကျယ်ခန်းနားသော အမေရိကန် နေကြတ်မှုဟု တင်စားထားသည့် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုမြင်ကွင်းကို တစ်နိုင်ငံလုံးက လေ့လာစောင့်ကြည့်ခဲ့ကြပြီး ၄င်းနေကြတ်မှုမြင်ကွင်းကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၁၄ ခုတွင် မြင်တွေ့ ခဲ့ရသည်။

အမေရိကန်နိုင်ငံ၌ နေကြတ်မှုကို ကြည့်ရှု နေကြစဉ်(ဆင်ဟွာ)
“ အပြင်မထွက်တဲ့ လူအချို့ လောက်ပဲ သူတို့ ရဲ့ ဦးခေါင်းထက်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့မြင်ကွင်းကို မြင်တွေ့ ခွင့် မရကြတာပါ ” ဟု Challenger က ပြောကြားခဲ့ပြီး နေကြတ်ခြင်းကို အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီဝန်ထမ်းပေါင်း ၈၇ သန်းက စောင့်ကြည့်ခဲ့ကြောင်း ခန့် မှန်းထားသည်။

အဆိုပါ နေကြတ်မှုမြင်ကွင်းစောင့်ကြည့်ခြင်းကြောင့် လုပ်အား လေလွင့်မှုဖြစ်ပေါ်ခဲ့ရသည့် ကိန်းဂဏန်းခန့် မှန်းချက်ကို  အလုပ်သမားသန်းခေါင်စာရင်းဗျူရိုဌာန၏ တစ်နာရီလုပ်အား နှင့် လုပ်ခပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။

“ တစ်နှစ်ပတ်လုံး အလုပ်သမားတွေကို ပေးရတဲ့ လစာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုနည်းပါးတဲ့ ငွေကြေးပမာဏတစ်ခုပါ။ ဘယ် မက်ခရိုစီးပွားရေးအချက်အလက် ပုံစံမျိုးမှာ မဆို ဖော်ပြဖို့ မရှိပါဘူး” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နေကြတ်မှုကို ဝန်ထမ်းများ စောင့်ကြည့်ကြသဖြင့် အမေရိကန်ကုမ္ပဏီများ ဒေါ်လာ သန်း ၇ဝဝ ခန့် ဆုံးရှုံးမှုဖြစ်ပေါ် နေကြတ်မှုကို ဝန်ထမ်းများ စောင့်ကြည့်ကြသဖြင့် အမေရိကန်ကုမ္ပဏီများ ဒေါ်လာ သန်း ၇ဝဝ ခန့် ဆုံးရှုံးမှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.