မန္တ​လေးမဟာမုနိဘုရားကြီးတွင်​ ဘုရားဖူးလာသူထံမှ ဆွဲကြိုးဖြတ်ယူသူ အမျိုးသမီးတစ်​ဦး ဖမ်းဆီးရမိ


မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​ရှိ မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း သြဂုတ်​လ ၇ ရက်​နေ့ နံနက် ၁၀:၄၀ နာရီအချိန် ခန့်​က CCTV မှတ်​တမ်းများအရ မှတ်​တမ်းတင်​ထားသည့်​ ယခင်​က ဆွဲကြိုးဖြတ်​ယူဖူးသူ အမျိုးသမီးတစ်​ဦးအား ဆွဲကြိုးဖြုတ်​ယူ​နေစဉ်​ ဘုရားလုံခြုံ​ရေးအဖွဲ့နှင့်​ နယ်​​မြေခံရဲတပ်​ဖွဲ့ဝင်​တို့ ပူး​ပေါင်းဖမ်းဆီးရမိသည်​။


ဖြစ်​စဉ်​မှာ ယခင်​က ဘုရားဖူးများထံမှ ဆွဲကြိုးဖြတ်​ယူဖူးကြောင်း CCTV မှတ်​တမ်းများအရ မှတ်​တမ်းတင်​ထားသည့်​ မသီတာဝင်း၊ အသက် (၃၇)နှစ်၊ ၉/ကဆန(နိုင်)၂၁၃၁၆၄)၊ (ဘ)ဦးထွန်းလင်း၊ မင်းရပ်၊ ကျောက်ဆည်မြို့နေသူသည် ဘုရားကြီးရှေ့တော် ရွှေဆိုင်းရောင်းကောင်တာ အနီးတွင် ဘုရားဖူးလာသူ မတင်စန်းမြင့်၏ သမီးဖြစ်​သူထံမှ ဆွဲကြိုးဖြတ်ယူနေသည်ကို တွေ့ရှိရ၍ ဘုရားကြီးလုံခြုံရေး တသ အိမွန်ဖြိုး၊ ဦးထွန်းထွန်းဝင်း(စီမံ)နှင့် နယ်မြေခံ မြို့မရဲစခန်းမှ တက အောင်ညွန့်၊ တသ အောင်မျိုးသန့်တို့ကပူးပေါင်းဖမ်းဆီး၍ ဆက်​လက်​ အ​ရေးယူနိုင်​​ရေး မြို့မရဲစခန်းသို့လွှဲပြောင်းပေးအပ်ခဲ့​သည်​။

ဘုရားကြီးဂေါပကအဖွဲ့အနေဖြင့် ဘုရာဖူးလာပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိ​ကြောင်း ​ဂေါပကအဖွဲ့က ​ပြောကြားသည်။

( Ah Lin Nge )
( ဓာတ်​ပုံ မဟာမုနိဂေါပက)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တ​လေးမဟာမုနိဘုရားကြီးတွင်​ ဘုရားဖူးလာသူထံမှ ဆွဲကြိုးဖြတ်ယူသူ အမျိုးသမီးတစ်​ဦး ဖမ်းဆီးရမိ မန္တ​လေးမဟာမုနိဘုရားကြီးတွင်​ ဘုရားဖူးလာသူထံမှ ဆွဲကြိုးဖြတ်ယူသူ အမျိုးသမီးတစ်​ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.