အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ


အင်းတော် သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် အင်းတော်မြို့နယ် ဗုဓလက် ကျေးရွာတွင် ယမန်နေ့ နံနက် ၆ နာရီက မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်းတော် မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦး ထံမှ သိရသည်။

အင်းတော်မြို့နယ် ဗုဓလက် ကျေးရွာ ဘုန်းတော်ကြီးကျောင်း အနီးရှိလယ်ကွင်းတွင် စပါးစိုက် ပျိုးရန်အတွက် တောင်သူ ၂၇ဦးက တာလမ်းအတိုင်း လမ်းလျှောက် လာစဉ် မခင်မာအေး(၃ဝနှစ်)ကို မိုးကြိုးထိမှန်ခဲ့ရာ ဦးခေါင်းနောက် စေ့ပေါက်ပြဲဒဏ်ရာ၊ ဗိုက်နှင့် မျက် နှာတွင် ညိုမည်းဒဏ်ရာများဖြင့် နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အောင်ကိုထက် (၁၆နှစ်)နှင့် မလှညို (၃၄နှစ်)တို့ လည်းသတိလစ်မေ့မြောခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးကပြောသည်။

သတိလစ်မေ့မြောခဲ့သူနှစ်ဦး ကို အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံသို့တင်ပို့ကုသထားပြီး ယခု အခါ စိုးရိမ်စရာအခြေအနေမရှိ ကြောင်း ဗုဓလက်ကျေးရွာအုပ်ချုပ် ရေးမှူးဦးစိုးလှိုင်ကပြောသည်။

အင်းတော်မြို့မရဲစခန်းမှ မခင် မာအေးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ်၁၁/၂ဝ၁၇ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

အောင်ထူးမြတ်ပိုင်
The Union Daily
https://www.facebook.com/uniondaily.net/
အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ အင်းတော်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.