မင်းချောင်းတံတားအနီး ရေကူးရာမှ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ


နိရဉ္စရာ၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မင်းချောင်းတံတားအနီး မင်းချောင်းတွင် သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ကျောင်းသားတစ်စု ရေကူးရာမှ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးရေနစ် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ Civil မှ ပဉ္စမနှစ်ကျောင်းသား မောင်ဝင်းမျိုးခိုင်ဖြစ်ကြောင်း သိရသည်။

“နေ့လယ် ၂ နာရီဝန်းကျင်လောက်က သူငယ်ချင်း ၆ ယောက်နဲ့အတူ မင်းချောင်းထဲ ရေဆင်းကူးရာကနေ ရေနစ်ပျောက်ဆုံးနေပါတယ်။ ဒီရေအကျမှာ ရေးစီးပြင်းတော့ ရေကူးရင်းနဲ့ မျောပါသွားတာပါ”ဟု ပျောက်ဆုံးသည့် နေရာတွင် ရောက်ရှိနေသည့် နည်းပညာတက္ကသိုလ် ကျောင်းသား ကိုကျော်နိုင်ဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


အဆိုပါ ပျောက်ဆုံးနေသူအား စက်လှေများဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရှာဖွေနေကြသော်လည်း ည ၈ နာရီကျော်ထိ ရှာမတွေ့သေးကြောင်း ဆိုသည်။

ညဥ့်နက်လာ၍ ရှာဖွေခြင်းကို ရပ်တန့်ထားလိုက်ပြီး၊ နက်ဖြန် နံနက်မှ ဒီရေအတက်ဖြင့် ဆက်လက် ရှာဖွေကြမည်ဟု ကိုကျော်နိုင်ဌေးက ပြောသည်။

စံမောင်သန်း၊ စစ်တွေ
ဓါတ်ပုံ-ဖိုးလုံး
Narinjara
https://www.facebook.com/Narinjara
မင်းချောင်းတံတားအနီး ရေကူးရာမှ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ မင်းချောင်းတံတားအနီး ရေကူးရာမှ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.