ကျောက်ကြီးမြို့တွင် နေအိမ်ပေါ်တက်ရောက် လုယက်


ကျောက်ကြီး သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့ မြို့မရပ် ကွက်အတွင်း နေအိမ်ပေါ်တက် ရောက် ခြောက်လှန့်တောင်းယူမှု ကျူးလွန်ရန် အပြင်းအထန်နာကျင် စေမည်ဟုရည်ရွယ်၍ ကြောက် အောင်ပြုလုပ်ခဲ့မှုတစ်ခု သြဂုတ်လ ၂၄ ရက်က ကျောက်ကြီးမြို့ သိမ်တန်း ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့ သိမ်တန်းရပ်ကွက်ရွှေကျင်ကျောက် ကြီးကားလမ်းနေ ဒေါ်ခင်မာညို (၆၅နှစ်)သည် မိမိနေအိမ်တွင် တစ်ရပ်ကွက်တည်းနေ မစန်းဝင်း နှင့် သြဂုတ်လ ၂၄ ရက်နံနက် ၉နာရီ ခွဲခန့်ကအတူရှိနေစဉ် သိမ်တန်းရပ် ကွက် မြို့သစ်နေ မဇင်မာဝေ (၂၄ နှစ်)ရောက်ရှိလာပြီး ယောက္ခထီး ဖြစ်သူက ခြံထွက်သီးနှံများလာ ရောက်ပေးပို့ခိုင်းသည်ဟုပြောပြီး သီးနှံများပေးကာ ပြန်ထွက်သွား သည်ဟုသိရသည်။

၁ဝမိနစ်ခန့်အကြာတွင် မဇင် မာဝေပြန်ရောက်လာပြီး ဒေါ်ခင်မာ ညိုနှင့်အတူရှိနေသူ မစန်းဝင်းအား အပြင်ရောက်နေသူ ဒေါ်ခင်မာညို ၏ခင်ပွန်း ဦးသောင်း(၈၉နှစ်)က ခေါ်ခိုင်းလိုက်သည်ဟုပြောသဖြင့် မစန်းဝင်းမှာဒေါ်ခင်မာညိုနေအိမ်မှ ထွက်သွားခဲ့သည်ဟု သိရသည်။

 ဒေါ်ခင်မာညို တစ်ယောက်တည်း ဟင်းချက်ရန်ပြင်ဆင်နေစဉ် မဇင် မာဝေက မိမိလွယ်အိတ်အတွင်း အသင့်ယူဆောင်လာသောဝါးအရိုး တပ် အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဒေါ်ခင်မာညို၏ ဝမ်းဗိုက်အားထောက်၍ ''ရှိတာ အကုန်ထုတ်ပေး မပေးရင်ဓားနဲ့ ထိုးသတ်မယ်''ဟု ခြိမ်းခြောက် ပြောဆိုစဉ် ဒေါ်ခင်မာညိုကဓားကို အရလုယူပြီး အော်ဟစ်အကူအညီ တောင်းခဲ့ရာ ပတ်ဝန်းကျင်နေအိမ် များမှ လူများဝိုင်းဝန်းကာ တရားခံမဇင်မာဝေကို ဖမ်းဆီးရမိ ခဲ့သည်။

 အမှုကို ကျောက်ကြီးမြို့မ ရဲစခန်းမှ ရဲအုပ်ဇင်မင်းသွေးက (ပ)၂ဝ၆/၂ဝ၁၇/ ရာဇသတ်ကြီး ပုဒ်မ ၃၈၇ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဆရာကျောက်
The Union Daily
https://www.facebook.com/uniondaily.net
ကျောက်ကြီးမြို့တွင် နေအိမ်ပေါ်တက်ရောက် လုယက် ကျောက်ကြီးမြို့တွင် နေအိမ်ပေါ်တက်ရောက် လုယက် Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.