စစ်တပ်ကနှိပ်စက်ကြောင်း လွတ်မြောက်လာသူတွေ ထွက်ဆို

စစ်ကား ၄ စီး ခြုံခို တိုက်ခံခဲ့ရ
ရှမ်းပြည်နယ်၊ မန်တုံမြို့မှာ အခုလဆန်းပိုင်းက အစိုးရ စစ်တပ်က ဖမ်းခေါ် သွားတာ ခံခဲ့ရတာကနေ ပြန်လွတ် လာသူတွေက သူတို့ အနှိပ်စက် ခံခဲ့ရကြောင်း ပြောပါတယ်။

လီဆူး စစ်ရှောင်စခန်းမှာ ခိုလှုံ နေရင်းသား ဖမ်းဆီး ခံခဲ့ရသူ တစ်ဦးက သူ့ရဲ့ ဦးခေါင်း အရိုက်ခံခဲ့ရသလို ခါးကိုလည်း ကန်ကြောက် ခံခဲ့ရတယ်လို့ ဘီဘီဒီကို ပြောပါတယ်။

စစ်တပ်လက်ကနေ ပြန်လွတ်လာသူ ၆ ယောက် ရှိတာမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် လားရှိုး ဆေးရုံပေါ် တင်ထားရသူ ၂ ယောက် ရှိပါတယ်။

ဩဂုတ်လ ၄ ရက်နေ့က အစိုးရ စစ်မှုထမ်း ၁ဝ ယောက် သေဆုံး ခဲ့ရတဲ့ အထိ စစ်ကား ၄ စီး ခြုံခို တိုက်ခံရပြီးတဲ့နောက် အခင်းဖြစ်ရာ တဝိုက် ရှာဖွေတာတွေ၊ လူဖမ်းတာတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

မန်တောင်ရပ်ကွက်က လက်ဖက်စက်ရုံမှာ စကားပြောစက် တွေ့တယ်ဆိုပြီး လူ ၆ ယောက်ကို ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

အနှိပ်စက် ခံခဲ့ရသူတွေက သူတို့ အတွေ့အကြုံတွေကို အာဏာပိုင်တွေထံ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
စစ်တပ်ကနှိပ်စက်ကြောင်း လွတ်မြောက်လာသူတွေ ထွက်ဆို စစ်တပ်ကနှိပ်စက်ကြောင်း လွတ်မြောက်လာသူတွေ ထွက်ဆို Reviewed by THITHTOOLWIN on 07:17 Rating: 5
Powered by Blogger.