ပြည်သူ့စစ်ဖွဲ့ပေးဖို့ ကျောက်ဖြူဒေသ ခံတွေ တောင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာနေထိုင်တဲ့ တိုင်းရင်းသားတွေ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပေးဖို့ ကျောက်ဖြူဒေသခံတွေက ဒီနေ့ရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး ပြည်နယ် အစိုးရအဖွဲ့ကိုတိုက်တွန်း လိုက်ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ပြဿနာဖြစ်ပွားတဲ့နေရာတွေကိုလောက်ကိုပဲ လုံခြုံရေးပေးနိုင်ပြီး အဲဒီဒေသက တိုင်းရင်းသားတွေအားလုံးကို အကြမ်းဖက်မခံရအောင် ကာကွယ်မပေးနိုင်တဲ့အတွက် အခုလို တိုက်တွန်းတာလို့ ကျောက်ဖြူမြို့ခံ ဦးလှမျိုးကျော်ကပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဒေသခံတွေ မနေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး အဲဒီက ဆုံးဖြတ်ချက်တွေကို ဒီနေ့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အတိုင်း အမြန်ဆုံးစီစစ်ပေးဖို့နဲ့ အကြမ်းဖက်သမားတွေရဲ့ အကျိုးစီးပွားအတွက် ပတ်သက်ဆောင်ရွက် နေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျောက်ဖြူလူထုကနေ ကန့်ကွက် ရှုတ်ချကြောင်း လည်း ကြေငြာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်ဒေသနဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်မပေးနိုင်လို့ဆိုပြီး အစိုးရကို ရှုံ့ချတဲ့ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကိုလည်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားဖို့ ကျောက်ဖြူမြို့ခံ တွေက မနေ့ကအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်သူ့စစ်ဖွဲ့ပေးဖို့ ကျောက်ဖြူဒေသ ခံတွေ တောင်းဆို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ကျောက်ဖြူဒေသ ခံတွေ တောင်းဆို Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.