ခင်ဦးမြို့၌ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့ မြကန်သာအနောက်ပိုင်ရပ်ကွက်ရှိ ဦးကုလား+ဒေါ်ဝင်း သို့အိမ်ကို ဒေါ်ခိုင်မာနှင့် (၃)နှစ်ခန့်အရွယ်ရှိ တူမလေးတို့ ငှါးရမ်းအတူနေထိုင်လာခဲ့ရာ အဒေါ်အရင်းဖြစ်သူ ဒေါ်ခိုင်မာ မှာ နေ့စဉ်ရက်စက်လိုလို (၃)နှစ်သမီးငယ်လေး(အမည်မသိ)သူအား အရွယ်နှစ်မမျှ အမျိုးမျိုးရိုက်နှက် နှိပ်စက်နေကြောင်း သိရပါသည်။


 ပတ်ဝန်းကျင်သိမှာဆိုး၍ အခမ်းတံခါးပိတ် နှိပ်စက်နေသဖြင့် ပတ်ဝန်းကျင်မှ အိမ်ပိုင်ရှင် ဦးကုလား၏မိခင်အား အကျိုးအကြောင်းပြောပြပြီး သမီးငယ်လေးကို အိမ်းအတွင်း ဝင်းရောက်ခေါ်ယူ၍ ပတ်ဝန်းကျင် အကူအညီဖြင့် သြဂုတ်(၁၄)ရက် နေ့(၁)နာရီခန့်က ခင်ဦးပြည်သူဆေးရုံသို့ ပြသခဲ့သည်။

 ရိုက်နှက်ထားသော ဒဏ်ရာများ ပြင်းထန်နေ၍ မြတ်ကန်သာလူမှုကူညီရေးအသင်းကားဖြင့် ရွှေဘိုမြို့ ကလေးအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသခံနေရပါသည်။

အဆိုပါ သမီးငယ်လေး၏မိဘနှစ်ပါးမှာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

Chit San
ခင်ဦးမြို့၌ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုဖြစ်ပွား ခင်ဦးမြို့၌ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.