မိုးညှင်းတွင် အသက် (၈၄)နှစ်အရွယ် အဖွားအိုအား ရိုက်နှက်၍ ငွေကျပ်(၅၆၀၀၀၀) ကျော်လုယူသူကို ဖမ်းမိ

မိုးညှင်းတွင် အသက် (၈၄)နှစ်အရွယ် အဖွားအိုအား ရိုက်နှက်၍ ငွေကျပ်(၅၆၀၀၀၀) ကျော်လုယူသူကို ရဲကတစ်နာရီအတွင်းဖမ်းမိ
မိုးညှင်း သြဂုတ် ၂၅

ကချ င်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင်တဦးတည်းနေထိုင်သောအသက်(၈၄)
နှစ်အရွယ်အဖွားအိုအားလူငယ်တဦးမှညသန်းခေါ င်အချိ န်တွင်အိမ်အတွင်းကျူးကျော်ရိုက်နှက် ၍ ငွေ(၅၆၀၀၀၀)ကျပ်ကျော်အား လုယူမှု ဖြစ်ပွါး ခဲ့ရာကာယကံရှင်မှမိုးညှင်းရဲစခန်းတွင်အမှု ဖွင့်ခဲ့ပြီးနောက် တနာရီအတွင်း တရားခံအားရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည် ။

သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၆)နာရီအချိ န်ခန့်တွင်မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက်နေ ဦးဟော်ကျ င်းလှံ(၅၈)နှစ်သည်တရပ်ကွက်တည်း တွင်တဦးတည်းနေထိုင်သောမိခင်ဖြစ်သူဒေါ်လိုခွမ်းရီ(၈၄)နှစ်အားထမင်းကျွေးရန်အတွက်သွားရောက်ခဲ့သည်။

မိခင်ဖြစ်သူ၏နေအိမ်သို့ ရောက်သောအခါ မိခင်ဖြစ်သူ၏ မျ က်နှာဝဲဘက်ပါးနှင့် ညာဘက်ပါးတို့ တွင်ဖူးယောင်ညို မဲဒဏ်ရာမျာတွေ့ ရှိရသဖြင့် မေးမြန်းခဲ့ရာသြဂုတ်လ(၂၃)ရက်နေ့ညသန်း
ခေါင် (၁၂)နာရီအချိ န်တွင်နေအိမ်အပေါ်ထပ်၌ အိပ်နေစဉ်အမည်မသိ လူငယ်တဦးတက်ရောက်လာပြီး လည်ပင်းညှစ်ပြီး ပိုက်ဆံတောင်းခဲ့ရာ မပေးသဖြင့် မျ က်နှာအား လက်သီးနှင့်ထိုးကာ အိပ်ခန်းအတွင်း သော့မခတ်ဘဲထားသော သစ်သားသေတ္တာအတွင်းရှိ ငွေ(၅၆၀၀၀၀)ကျပ်ကျော် အား ယူဆောင်သွားကြောင်းဟြေကြားခဲ့သည်။

ထို့ နောက်ဦးဟော်ကျ င်းလှံမှ တရားလိုပြု လုပ်၍နေ့ လည်(၁၁)နာရီအချိန်တွင် မိုးညှင်းမြို့မရဲစခန်း ၌သွားရောက်အမှု ဖွင့်လှစ်ခဲ့သဖြင့်ဒုတိယစခန်း မှူးရဲအုပ်ညွန့် လှို င် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်မင်းစိုးနှင့်တပ်ဖွဲ့ ဝင်များကအခင်း ဖြစ်ပွါးရာနေအိမ်သို့သွားရောက်လေ့လာစစ်ဆေး ခဲ့ကြပြီးပတ်ဝန်းကျင်တွင်လေ့လာစုံစမ်းမှု ပြု ခဲ့ကြရာအမှု ဖွင့်လှစ်ပြီးတနာရီမကြာမီပြစ်မှုကျူးလွန်သောမြင့်ဝင်းအောင်(ခ)ရန်ကျိ န်ရှင်း ဆိုသူအားဖမ်းဆီးရမိခဲ့သည်။

ထို့ ကြောင့်ပြစ်မှု ကျူးလွန်သူမြင့်ဝင်းအောင်(ခ)ရန်ကျိ န်ရှင်း(၁၉)နှစ်(ဘ)ဦးရန်ကွေရှင်း အောင်သပြေ(၂)ရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူ အားမိုးညှင်းမြို့ မရဲစခန်းမှဖမ်းဆီးကာအမှုစစ်အဖြစ်ရဲအုပ်ညွန့်လှို င်မှစစ်ဆေးလျ က်ရှိကြောင်း သိရှိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ