နောင်ချိုမြို့ အထကကျောင်းအနီးမှ ယာဉ်တိုက်မှုဖြစ်ပွားရာ ဒုတိယတန်းကျောင်းသူ ပွဲချင်းပြီးသေဆုံး


နောင်ချို သြဂုတ် ၂ဝ

နောင်ချိုမြို့ အထက ကျောင်းအနီး မ္တလေး-လားရှိုးပြည်ထောင်စုကားလမ်းပေါ်တွင် သြဂုတ် ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၁ဝ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွာကြောင်း သတင်းရရှိသဖြင့် နောင်ချိုမြို့မရဲစခန်းမှ တာဝန်မှူးရဲအုပ် ဇော်ဝင်းလှိုင်၊ ယာဉ်ထိန်းရဲအရာခံ ယွမ်းမောင်း၊ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး လှဝင်းထွန်း မြို့နယ်စေတနာမွန်လူမှုကူညီရေးအသင်းမှ ဦးနေဦးသာနှင့် အသင်းသားတို့က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 ဖြစ်စဉ်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်နေ မအိပြည့်ဖြိုး (၂၁ နှစ်)သည် ညီမဖြစ်သူ အထကနေ မအိပြည့်ဖြိုး (၂၁ နှစ်)သည် ညီမဖြစ်သူအထက ဒုတိယတန်း စာသင်ကြားနေသူ မရီထွန်းအောင် (၈ နှစ်)အား ဆိုင်ကယ်နောက်၌ ထိုင်၍ ကျောင်းကြိုလားခဲ့စဉ် ဆိုင်ကယ်မောင်းနှင်မည်ပြုစဉ် ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ MDY 2F/----- CCRV ယာဉ်မှာ အခင်းဖြစ်နေရာသို့ ချိုးဝင်ကွေ့ရာ အရှိန်မထိမ်းနိုင်ဘဲ ယာဘက်ရှိဓာတ်တိုင်ဖြင့်ဝင်ရောက်ညှပ်တိုက်ရာ ဆိုင်ကယ်မောင်းနှင်သူ မအိပြည့်ဖြိုး ယာဘက်လက်မောင်းကျိုးဒဏ်ရာနှင့် မရီယွန်းအောင်ဦးခေါင်းကွဲအက်ဦးနှောက်ထွက်ကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်။

ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရ သေဆုံးစေသူ ယာဉ်မောင်းဒေါ်ဝေမာမြင့် (၃၄ နှစ်) နောင်ချိုမြို့ ဘူတာရပ်ကွက်နေထိုင်သူကို နောင်ချိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားဆောင်ရွက်ထားကြောင်း သိရသည်။

သတင်းပျံလွှားနောင်ချို
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နောင်ချိုမြို့ အထကကျောင်းအနီးမှ ယာဉ်တိုက်မှုဖြစ်ပွားရာ ဒုတိယတန်းကျောင်းသူ ပွဲချင်းပြီးသေဆုံး နောင်ချိုမြို့ အထကကျောင်းအနီးမှ ယာဉ်တိုက်မှုဖြစ်ပွားရာ ဒုတိယတန်းကျောင်းသူ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.