ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်(၆)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် မီးလောင်ကျွမ်း ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံး


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ရိပ်မွန် (၆)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် သြဂုတ် ၁၆ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း(၃၀)ဖိုးခန့် ဆုံးရှုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အနောက်ပိုင်း ခရိုင် မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

 အဆိုပါ ကျောင်းတွင် နံနက် (၀၀: ၀၅)အချိန်က ဆရာမများနားနေဆောင်၏ မျက်နှာကျက်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး (၀၀:၂၇)အချိန်တွင် မီးငြိမ်းခဲ့ကြောင်း အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။
 “လောင်သွားတာကတော့ ဆရာတွေရဲ့နားနေခန်းမျက်နှာကျက်ရယ်၊ ဒီဘက်ကအခန်း မျက်နှာကျက်ခေါင်မိုး တွေလောင်ပြီး မီးပွားတွေက အောက်မှာရှိတဲ့ စာရွက်စာတမ်းတွေပေါ်ကျပြီး မီးပုံရှို့သလိုဖြစ်ပြီးတော့ လောင် သွားတာပါ။ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေနဲ့ သိန်း(၃၀)ပေါ့၊ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။”ဟု အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝင်းက ပြောသည်။

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ (၁၀ x ၂၅)ပေရှိ ဆရာမများနားနေဆောင်နှင့် (၂၅ x ၆၀) ပေ အခန်းမျက်နှာကျက်များ မီးစတင်လောင်ကျွမ်းကာ အခန်းတွင်းရှိ ပလစ်စတစ်ခုံများ၊ ဝါယာကြိုးများ လောင် ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်(၂၁)စီး၊ အုပ်ချုပ်ရေးယာဉ်(၃)စီး လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
 “အဓိကလောင်တာကတော့ ကော်ကုလားထိုင်တွေရယ်၊ သစ်သားခုံတွေရယ်၊ ဗလာစာအုပ်အပုံတွေ လောင် တာပါ။ အများကြီးတော့ မဟုတ်ပါဘူး၊ မီးလောင်တဲ့အကြောင်းအရင်းကတော့ ဝါယာရှော့ပါ။”ဟု ပြည်ရိပ်မွန် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးသိန်းက ပြောသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်လူမူအဖွဲ့အစည်းများနှင့် အရေးပေါ်လူနာတင်ယာဉ်များ လာရောက်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်(၆)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် မီးလောင်ကျွမ်း ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံး ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်(၆)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် မီးလောင်ကျွမ်း ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံး Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.