ဝါးခယ်မတွင် သိန်း(၅၀)ဖိုးခန့်ရှိ ဖုန်းနှင့် အခြားပစ္စည်းများ အရောင်းဆိုင် ဖောက်ထွင်းခိုးယူသူအား ဖမ်းဆီးရမိ


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက် မြူရုံးလမ်းရှိ MI HOME ဖုန်းနဲ့အခြားပစ္စည်းတွေ အရောင်းဆိုင်ကို ဖောက်ထွင်းခိုးယူသူကို သြဂုတ် (၁၇) ရက် ည (၈) နာရီခွဲက ငွေကျပ် (၄၇) သိန်းကျော် တန်ဖိုးရှိ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်မှာ သြဂုတ် (၁၀) ရက် ညပိုင်းကအဲဒီဆိုင်ရဲ့အရောင်းဝန်ထမ်းတွေက ရောင်းရငွေတွေနဲ့ ဆိုင်သော့ကို ပြန်လည်အပ်နှံပြီး ဆိုင်ပိတ်ခဲ့ကာ နောက်နေ့ နံနက် (၆) နာရီခွဲမှာ ဆိုင်ဖွင့်ရာ တံခါးသော့ ပျက်စီးနေတာ မရှိဘဲ ဆိုင်အတွင်းက ဖုန်းနဲ့တခြား ပစ္စည်းအချို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အဲဒီ အမှုကို ဝါးခယ်မမြို့မရဲစခန်းနဲ့ မြောင်းမြခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးရာ ရေကျော်ရပ်ကွက် မြို့မလမ်း (စိုး)ဖုန်းနဲ့လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က လုပ်ကိုင်သူတစ်ဦးရဲ့ ရွာလယ်ရပ်ကွက်(၅) လမ်းက နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 ဖောက်ထွင်းပစ္စည်းတွေအပြင် လျှပ်စစ်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့ပြီး အခြား ခိုးမှုတွေကျူးလွန်တာရှိ - မရှိ ဆက်လက်စစ်ဆေးဆောင်ရွက် သွားမယ်လို့ ဝါးခယ်မမြို့မရဲစခန်းကနေ သိရပါတယ်။ ဒီသတင်းကို လွှမ်းသီဟ (ဝါးခယ်မ) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
ဝါးခယ်မတွင် သိန်း(၅၀)ဖိုးခန့်ရှိ ဖုန်းနှင့် အခြားပစ္စည်းများ အရောင်းဆိုင် ဖောက်ထွင်းခိုးယူသူအား ဖမ်းဆီးရမိ ဝါးခယ်မတွင် သိန်း(၅၀)ဖိုးခန့်ရှိ ဖုန်းနှင့် အခြားပစ္စည်းများ အရောင်းဆိုင် ဖောက်ထွင်းခိုးယူသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.