ဝန်ကြီးချုပ် ၄ ဦးလောက် တိုင်ကြားခံထားရ

ဒေါက်တာမျိုးညွန့်ကို သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာက ယူနီစံလက်ဖက်ရည်ဆိုင်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် လေးဦးလောက်ဟာ ဥပဒေမဲ့ လုပ်ဆောင်တယ်ဆိုပြီး တိုင်ကြားခံထားရတာရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာန တာဝန်ခံ၊ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာက ယူနီစံလက်ဖက်ရည်ဆိုင်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး မှာ ဒေါက်တာမျိုးညွန့် က ပြောတာဖြစ်ပါတယ်။

တချို့တွေကိုတော့ အရေးယူခဲ့တာ အားလုံးအသိဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကို ရည်ညွှန်းပြောကြားပါတယ်။

တိုင်ကြားစာဌာနအနေနဲ့ တိုင်ကြားစာပေါင်း ၄၀၀ ကျော်လက်ခံရရှိခဲ့ပြီး တိုင်ကြားသူတွေက ပါတီတွင်း၊ ပြည်သူတွေနဲ့ အခြားအဖွဲ့အစည်းတွေက တိုင်ကြား တာဖြစ်ကြောင်း၊ အဲဒီထဲက၂၀၀ ကျော်ကတော့ လယ်ယာမြေအမှုတွေနဲ့ အခြားကိစ္စတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျန်တဲ့ တိုင်ကြားစာ ၂၀၀ ကျော်ကို စစ်ဆေးတဲ့အခါ တွေ့ရှိချက်တွေအရ တိုင်ကြားချက်အတိုင်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ခန့်မှာ အပြစ်ရှိတယ်လို့ တွေ့ရှိ ထားတဲ့အကြောင်းလည်း ဒေါက်တာမျိုးညွန့် ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး ဦးဝင်းထိန်က ပါတီက သူ့ကို အရေးယူမှု တစုံတရာမရှိတဲ့အကြောင်း၊ ကျန်းမာရေးအတွက် ဆေးရုံမှာ အနားယူတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ အစည်းအဝေးမှာ လူငယ်အဖွဲ့တွေ ပြန်လည်ဖွဲ့စည်းရေး ကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝန်ကြီးချုပ် ၄ ဦးလောက် တိုင်ကြားခံထားရ ၀န်ကြီးချုပ် ၄ ဦးလောက် တိုင်ကြားခံထားရ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.