ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စေတီတော်တစ်ဆူ ရေခ ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ဂွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ပြင်စုကျေးရွာမှာ သြဂုတ်လ (၂၃) ရက် ည (၁၁) နာရီအချိန့််ကဖြစ်ခဲ့တဲ့ ဧရာဝတီမြစ်ရေမြင့်တက် တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုပြီး စေတီတော်တစ်ဆူ ရေခပြိုကျပျက်စီးခဲ့ပါတယ်။


ပြိုကျပျက်စီးခဲ့တဲ့စေတီတော်ဟာ ဥာဏ်တော်အမြင့် (၁၇) တောင်၊ လုံးပတ် (၅၂) တောင်ရှိတဲ့ ဒီပါအေးစေတီတော်မြတ် ပဲဖြစ်ပါတယ်။ သြဂုတ်လ ဒုတိယပတ်ကနေစပြီး ပြန်လည်မြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကြောင့် နံကပ်ပြင်စုကျေးရွာမှာ မြစ်ကမ်းပါး ပြိုတာတွေပါဖြစ်ပွားနေပြီး အဲဒီဖြစ်စဉ်ကြောင့် နံကပ်ပြင်စု ကျေးရွာက အိမ်ထောင်စုအချို့ဟာ ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင် နေရတယ်လို့သိရပါတယ်။ ဒီသတင်းကို ကျော်ကျော်(ဟင်္သာတ)က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စေတီတော်တစ်ဆူ ရေခ ပျက်စီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စေတီတော်တစ်ဆူ ရေခ ပျက်စီး Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.