ပုဏ္ဏားကျွန်းမြို့နယ်တွင် ကားတိုက်မှုဖြစ်၍ တစ်ဦးသေ၊ ၅ဦးဒဏ်ရာရ


စစ်တွေ၊ သြဂုတ် ၂၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာရှိ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတွင် လိုက်ထရပ် (Light track) ကားတစ်စီးအား ကုန်တင်ကားတစ်စီးမှ တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ပုဏ္ဏားကျွန်းရဲစခန်းမှ အတည်ပြုပြောကြားသည်။

ထိုဖြစ်စဉ်မှာ ယနေ့ ညနေ၅နာရီခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း စခန်းမှူး ဝင်းမောင်က ပြောသည်။

'' သေဆုံးတဲ့သူတွေကို အကြောင်း အပြည့်အစုံမသိရသေးပါဘူး။ အခု သွားရောက် စစ်ဆေး နေပါတယ်။ ကုန်တင်ကားမောင်းသူလည်း ဒဏ်ရာရလို့ ဆေးရုံ တင်ထားရပါတယ်။ စခန်းကို
အမှုစစ်တွေ ပြန်မလာသေးတဲ့ အတွက် အတိအကျတော့ ဘာမှမသိရသေးပါဘူး'' ဟု ရဲစခန်းမှူး ပြောသည်။


သေဆုံးသွားသူမှာ အမျိုးသမီးသည် အသက် ၄၀ကျော် ၅၀အရွယ်ခန့် ဟု ခန့် မှန်းရသည် ဟုလည်း သူက ဆက်လက် ပြောသည်။

ဒဏ်ရာရရှိသူ ၅ဦးအား နီးစပ်ရာဆေးရုံသို့  ပို့ ဆောင်ထားကြောင်း၊ လိုက်ထရပ်ကားပေါ်တွင် ခရီးသည် ငါးဦး၊ ခြောက်ဦးခန့်သာ ပါလာသည် ဟုသိရသည်။

ဖြစ်စဉ် အသေးစိတ်နှင့် သေဆုံးသူ အမည်ကို သိရှိနိုင်ရန် ယိုးငုံကျေးရွာသို့ နိရဉ္စရာမှ ဖုန်းဆက်သော်လည်း အဆက်အသွယ် မရရှိသေးပါ။

မဘုကေ
(ဓာတ်ပုံ - Zaw Moe Lin)
Narinjara
https://www.facebook.com/Narinjara
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကားတိုက်မှုဖြစ်၍ တစ်ဦးသေ၊ ၅ဦးဒဏ်ရာရ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကားတိုက်မှုဖြစ်၍ တစ်ဦးသေ၊ ၅ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.