မောင်တောမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်

 မောင်တောမြို့က စစ်ဆေးရေးဂိတ် တနေရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့မှာ လက်နက်ကြီးသံတွေနဲ့ အတူ သေနတ်သံတွေ အဆက်မပြတ် နေရာ အနှံ့အပြားက ထွက်ပေါ်နေပြီး မနက်လင်းခါနီး ပိုမို ပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းနဲ့ မောင်တောမြို့နယ် ချိန်ခါလီ၊ အလယ်သံကျော်၊ မောင်နီပြင်၊ ဂေါ်ဒူသာရ၊ ကျီးကန်းပြင်၊ သီဟိုခြံ၊ လောင်းတုံ၊ ငခူရ နဲ့ မောင်တောမြို့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အခု တိုက်ပွဲ ဖြစ်ပွားတာဟာ ၂၀၁၆ အောက်တိုဘာလ တုန်းကလို စခန်းတွေ အများအပြားကို ဝင်တိုက်တာ ဖြစ်ပြီး သေနတ် ပစ်ခတ်သံတွေ အဆက်မပြတ် ကြားရတဲ့ အတွက် ဒေသခံတွေက အထူးစိုးရိမ် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
မောင်တောမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန် မောင်တောမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန် Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.