ကဆုန့်တိုက်ပွဲကြောင့် ဇွပ်မိုင် ရွာသား ၃၀၀ကျော်ပိတ်မိနေ

ပုံ စာ ၊ နမ္မတီးဘုရာကျောင်းသို့ရောက်ရှိလာသော ကဆုန့် ဒုက္ခသည် များကိုတွေ့ရစဉ်
သြဂုတ် ၁၃

ယခုလ ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကဆုန့်ရွာအနီးရှိ ဇွပ်မိုင်ရွာ သားများ ၃၀၀ကျော် သြဂုတ်လ ၁၃ ရက်နေ့ ယနေ့အထိ ပိတ်မိနေကြောင်း နမ္မတီး နှစ်ခြင်း ဘုရားမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ရက်မှ စပြီး ဇွပ်မိုင်ကျေးရွာ ဒေသခံများက မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်ရာ လမ်းတစ်လျှောက်တွင် နမ်ခမ့် မြစ်ရေကြီးမူနှင့် ကြုံတွေ့ရသဖြင့် ယခုအချိန်အထိ တောလမ်းဖြင့် ခြေကျင် ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

ဇွပ်မိုင်ကျေးရွာသည် မြစ်ကြီးနားနှင့် နမ္မတီး ကျေးရွာကြား တွင်တည်ရှိပြီး လမ်းတစ်လျောက် နှစ်ဖက်တပ်စခန်းများလည်းရှိသည်ဟု သိရသည်။

ဇွပ်မိုင်ကျေးရွာမှနမ္မတီး ဒုက္ခသည်စခန်းအထိ မိုင်၂၀ကွာဝေးကြောင်း သိရသည်။

Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ကဆုန့်တိုက်ပွဲကြောင့် ဇွပ်မိုင် ရွာသား ၃၀၀ကျော်ပိတ်မိနေ ကဆုန့်တိုက်ပွဲကြောင့် ဇွပ်မိုင် ရွာသား ၃၀၀ကျော်ပိတ်မိနေ Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.