ဗင်နီဇွဲလားအရေး ကန် ဝင်စွက်မည်မဟုတ်

ဗင်နီဇွဲလားနိုင်ငံက ဆန္ဒပြပွဲ
အခြေအနေတွေ လျှင်မြန်စွာ ဆုတ်ယုတ်ကျဆင်းလာနေတဲ့ ဗင်နီဇွဲလား ဆိုရှယ်လစ်နိုင်ငံအရေးမှာ အမေရိကန်ပြည်ထောင်စုက ဝင်ရောက် စွက်ဖက်စရာ မရှိဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေး H.R McMaster ကပြောကြားလိုက်ပါတယ်။

ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံ စီးပွားရေး မအောင်မမြင် ဖြစ်ရတာဟာ အမေရိကန်နယ်ချဲ့သမားတွေကြောင့် ဖြစ်တယ်တဲ့ စွပ်စွဲချက်မျိုး ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို နောက်ထပ်ြေ ပာခွင့် မပေးလိုတော့ဘူးလို့ စနေနေ့က MSMBC နဲ့ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ McMaster ကပြောကြားခဲ့တာပါ။

ဒီကိစ္စတွေအတွက် တာဝန်ရှိမှုကို Maduro ရဲ့ပုခုံးပေါ်မှာထားရှိရေးဟာ အမေရိကန်အတွက် အရေးကြီးပါတယ်၊ သူဟာ ဒီပြသနာကို စတင်သူ ဖန်တီးသူ ဖြစ်တယ်လို့လည်း McMaster ကဆိုပါတယ်။ အစိုးရယန္တရား အားလုံးကိုချုပ်ကိုင်နိုင်မယ့် ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံတရပ် ထူထောင် ဖို့ မကြာခင်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြိးနောက် သမ္မတ(ထရမ့်)အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံကို Maduro ရဲ့ အာဏာရှင်စနစ် လက်ထဲကနေ ကယ်တင်ကြဖို့ကိုလည်း အမျိုးသားလုံခြုံရေးအကြံပေး McMaster က ကျန်နိုင်ငံတွေကို ဆော်သြထားခဲ့တာ ဖြစ်ပါတယ်။

(မာဒူရို)ကို ထောက်ခံသူ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ညီလာခံက သူ့အပေါ် အာဏာတွေပိုမို ပေးအပ်မယ့် ဖွဲ့စည်းပုံတရပ်ကို မကြာခင်ပြန်လည် ရေးဆွဲမယ်လို့ ယူဆရပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
ဗင်နီဇွဲလားအရေး ကန် ဝင်စွက်မည်မဟုတ် ဗင်နီဇွဲလားအရေး ကန် ဝင်စွက်မည်မဟုတ် Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.