မြောက်ကိုရီးယားက ဒုံးလက်နက် ထပ်မံ ပစ်လွှတ်

 မြောက်ကိုရီးယား ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်
မြောက်ကိုရီးယားဟာ တောင်ကိုရီးယား အရှေ့ဖက် ကမ်းရိုးလွန် ပင်လယ်ပြင်ထဲကို ဒုံးလက်နက် တစင်း ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဒီ ဒုံးလက်နက်ကို မြောက်ကိုရီးယား နိုင်ငံ Gangwon ပြည်နယ်ကနေပစ်လွှတ်လိုက်တာ ဖြစ်ပြီး အကွာအဝေး အရဆိုရင်၁၅၅ မိုင်လောက် ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း မြောက်ကိုရီးယား ဟာ တိုက်ချင်းပစ် ဒုံးကျည် တစင်းစမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် ပစ္စဖိတ် သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ချိန်ပြီး ဒုံးလက်နက်တွေ ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယားက ဒုံးလက်နက် ထပ်မံ ပစ်လွှတ် မြောက်ကိုရီးယားက ဒုံးလက်နက် ထပ်မံ ပစ်လွှတ် Reviewed by THITHTOOLWIN on 11:20 Rating: 5
Powered by Blogger.