တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး


ဖနွမ်းပင် သြဂုတ် ၎

တရုတ်နိုင်ငံမှသတင်းပေးချက်အရ တယ်လီဖုန်းမှတစ်ဆင့်လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကမ္ဘောဒီးယားတာဝန်ရှိသူများကပြောသည်။အဆိုပါသံသယရှိသူ တရုတ်နိုင်ငံ သားများကို ထိုင်းနယ်စပ်ရှိ ပွိုင်ပတ်မြို့အနောက်ဘက်၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ လူဝင်မှုစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှအကြီးအကဲ ဗိုလ်ချုပ်ကြီးအောက်ဟိုင်ဆေးလာက သြဂုတ် ၄ ရက်တွင် ပြောသည်။

၎င်းတရုတ်နိုင်ငံသားများသည် လူအများကိုလှည့်စားရန် သို့မဟုတ် ငွေတောင်းခံရန်အတွက် တယ်လီဖုန်း မှတစ်ဆင့် လိမ်လည်၍ ဖုန်းခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းတာဝန်ရှိသူများ၏ နှိမ်နင်းမှုကြောင့် ၎င်းတို့ကို သြဂုတ် ၂ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းကလည်း ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် အလား တူဖြစ်ရပ်မျိုးဖြစ်ပွားကြောင်း သိရသည်။၎င်းင်းဖြစ်စဉ်များတွင်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသား များဖြစ်ပြီး သံသယရှိသူများကို တရုတ်နိုင်ငံသို့ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.