ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း စာသင်ကျောင်း(၂၃)ကျောင်း ခေတ္တပိတ်ထားရ


ထီးချိုင့် သြဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်သြဂုတ်လ ၁၆ရက် နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်း(၂၃)ကျောင်း ခေတ္တပိတ်ထားရကြောင်းသိရသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ်၆ရက်နေ့နံနက်၆နာရီမှစတင်၍  မြှင့်တက်လာရာ သြဂုတ်၁၆ရက်နေ့၁၂နာရီတွင်ထီးချိုင့်မြို့၏ စိုးရိမ်ရေအမှတ် ၇၄၀စင်တီမီတာသို့ ရောက်ရှိလာမှုကြောင့် မြို့နယ်အတွင်းအနိမ့်ပိုင်းရှိ အ.ထ.က (၂)ကျောင်း ၊ အ.လ.က (၁)ကျောင်း ၊ ခွဲ အ.လ.က (၉)ကျောင်း ၊ မူလတန်းလွန် ( ၄)ကျောင်းနှင့်မူလတန်းကျောင်း(၇)ကျောင်းစုစုပေါင်း(၂၃)ကျောင်းခေတ္တပိတ်ထားရကြောင်းမြို့နယ်ပညာရေးမှူးထံမှသိရှိရသည်။

ကျော်ခဲ (ထီးချိုင့်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း စာသင်ကျောင်း(၂၃)ကျောင်း ခေတ္တပိတ်ထားရ ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း စာသင်ကျောင်း(၂၃)ကျောင်း ခေတ္တပိတ်ထားရ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.