ငါးဖမ်းလှေတစ်စီးနှင့် အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦးကို မောင်တောတောင်ပိုင်းတွင် ဖမ်းမိ

နိရဉ္စရာ၊ သြဂုတ် ၁၂

ငါးဖမ်းစက်လှေတစ်စီးနှင် အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦးကို မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၂ ရက် နေ့လယ် ၂ နာရီအချိန်တွင် အလယ်သံကျော် နှာခေါင်းတို ကင်းစခန်းချောင်းဝ အနီးသို့ စက်လှေတစ်စီး ဆိုက်ကပ်လာကြောင်း သတင်းအရ နယ်မြေမှူး ရဲမှူး ရဲဝင်းထက်ဦးစီး အဖွဲ့နှင့် အလယ်သံကျော် (လဝက) မှ ဒု လဝကမှူး ထင်ကျော်လွင်ဦးစီး အဖွဲတို့ ပူးပေါင်းပြီး သွားရောက် စစ်ဆေးရာမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြသည့် (၁)ဟာလာရာ (၂၀) နှစ်(ဘ) ဒူတူးမီးယား (မာလီမှူး) (၂)မာမွတ်ရှော်ဖီ (၂၀)နှစ် (ဘ)အဘူကာဆိန်း (ရေလုပ်သား) (၃)မာမောက်မော်ဂျီ(၂၀)နှစ်(ဘ)မာမောက် (ရေလုပ်သား)
(၄)မာမွတ်ယာဆိန်း (၁၉)နှစ်(ဘ)ဟာဆိန်း (စက်ဆရာ) ဘင်္ဂလာနိုင်ငံသား (၄) ဦး တို့ဖြစ်ကြောင်း အလယ်သံကျော်နယ်ခြားစောင့် စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူတို့အား စစ်ဆေးရာ ၎င်းတို့က ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာ လာစဉ် ငါးဖမ်းလှေမှာ စက်ချွတ်ယွင်းခဲ့ရာမှ မြန်မာ ရေပိုင်နက် အတွင်းသို့ မျောပါလာပြီး နှာခေါင်းတို ကင်းစခန်းချောင်းဝ အနီးသို့ ဆိုက်ကပ်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုပြောကြားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဖမ်းဆီးရမိသည့် ငါးဖမ်းစက်လှေမှာ အလျှား ၂၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေ၊ ရေစူး ၂ ပေခန့် ရှိပြီး သစ်သားလှေ အမျိုးအစားဖြစ်ကာ စက်အမျိုးအစားမှာတရုတ်နိုင်ငံလုပ် ကူပူတာ အင်ဂျင် (၅/၆) ဖြစ်ကြောင်း၊ လှေပေါ်တွင် ပါလာသည့် ပစ္စည်းများအား ဆက်လက် ရှာဖွေစစ်ဆေးရာ ငါးဖမ်းပိုက်တစ်ချို့ တွေ့ရှိရကြောင်း သိရသည်။

ဖမ်းဆီးရမီသူ ဘင်္ဂလာနိုင်ငံသား (၄)ဦးတို့အား အလယ်သံကျော် လဝက စခန်းမှ လဝက ဥပဒေဖြင့် အမူဖွင့်နိုင်ရေး အတွက်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း အလယ်သံကျော် နယ်ခြား စောင့်တပ်မှ အတည်ပြု ပြောကြားသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206
ငါးဖမ်းလှေတစ်စီးနှင့် အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦးကို မောင်တောတောင်ပိုင်းတွင် ဖမ်းမိ ငါးဖမ်းလှေတစ်စီးနှင့် အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦးကို မောင်တောတောင်ပိုင်းတွင် ဖမ်းမိ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.