မြောင်းမြမြို့ထွက် ဇီးပင်ကန်ရွာအနီး ခရီးသည်တင်ကား တိမ်းမှောက်


သြဂုတ် ၉

မြောင်းမြမြို့ အထွက်​ ၅မိုင်​ခန့်မှာရှိတဲ့ ဇီးပင်​ကန်​ရွာ အနီးမှာ ဒီနေ့ နေ့လည်ပိုင်းက ချမ်း​မြေ့​အေး ခရီးသည်တင်မှန်လုံကား တစ်​စီး တိမ်း​မှောက်​မှုဖြစ်​ပွားခဲ့တယ်လို့ သိရပါတယ်။
မှန်လုံ ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို မြောင်းမြမြို့က လူမှုကူညီရေးအသင်းဖြစ်တဲ့ ကရုဏာရှင်​လူငယ်များအသင်းက လူနာတင်​ကား နှစ်​စီးနဲ့ သွား​ရောက်​ အကူအညီ​ပေး​ခဲ့ပြီး အခြားပရဟိတအသင်းတွေလည်းပူးပေါင်းကူညီပြီး မြောင်းမြဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

တိမ်းမှောက်မှုမှာ ယာဉ်မောင်း ဦးခေါင်းထိခိုက်သွားပေမယ့် အသက်အန္တရာယ် စိုးရိမ်ဒဏ်ရာရ လူနာမရှိဘူးလို့သိရပါတယ်။

ဓါတ်ပုံ - ကရုဏာရှင်လူငယ်များအသင်း-မြောင်းမြ
ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
မြောင်းမြမြို့ထွက် ဇီးပင်ကန်ရွာအနီး ခရီးသည်တင်ကား တိမ်းမှောက် မြောင်းမြမြို့ထွက် ဇီးပင်ကန်ရွာအနီး ခရီးသည်တင်ကား တိမ်းမှောက် Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.