အမျိုးသမီး​ကျောင်းသူအ​ဆောင်​သို့ ကာရံထားသည့် သံဇကာအား ဖျက်​စီပြီး ဓားကိုင်ဝင်လာသူအား ဖမ်းဆီးမိ


ဒီ​နေ့ ၁၈-၈-၂၀၁၇ ရက်​​နေ့ ည ၈း၄၅မိနစ်​ အချိန်​ က ကချင်ပြည်နယ် မိုးညှင်းမြို့  မိုးညှင်းဒီဂရီ​ကောလိပ်​၏ အတွင်း​ ဆောင်​ ဖြစ်ေ​သာ စပယ်​အမျိုးသမီး​ကျောင်းသူအ​ဆောင်​သို့ အ​ဆောင်​အ​နောက်​ဖက်​ ကာရံထားသည့် သံဇကာအား ဖျက်​စီးပြီး အရိုးအသွား ၈လက်​မ အရွယ်​ရှိ ဓားအားကိုင်​​ဆောင်​လျက်​ဝင်​​ရောက်​လာစဉ်​ အ​ဆောင်​လုံခြုံ​ရေး ဝန်​ထမ်းများမှ ဖမ်းဆီးရရှိခဲ့ပါသည်​။


၎င်းအားစစ်ဆေးရာ "လဆိုင်း"အမည်ရှိသော အပေါင်းပါတစ်ဦးလည်း ပါသေးကြောင်း ဖော်ထုတ်ထွက်ဆို ခဲ့ပါသည်။

ထိုအပေါင်းအပါဖြစ်သော" လဆိုင်း"ကိုမူ ဖမ်းမမိခဲ့ပေ။ အဖွဲ့လိုက်ခိုးသူများဖြစ်နိုင်ပါသည်။
ကျန်သည့် အပေါင်းအပါများကိုမူ ထိမ်ချန်ထားပါသဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ကို အကြောင်းကြားကာ ရဲလက်သို့အပ်နှံခဲ့ပါသည်။


တားမြစ်ဧရိယာဖြစ်သော ကျောင်းသူဆောင်အတွင်းသို့ ခြံစည်းရိုးဖောက်ထွင်းပြီး ဓားနှင့်အတူ ဝင်ရောက်လာခြင်းသည်ကျောင်းသူများ၏ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်ရသော အနေအထားဖြစ်ပါသည်။


၎င်းသူခိုးမှာ ထန်းတပင်​ရွာမှ ဦး​ကျော်​လင်း ​ဒေါ်စန္ဒာထွန်း၏သား ရှိုင်းလင်းထွန်း ဆိုသူဖြစ်​​ကြောင်း သိရပြီး မိုးညှင်းမြို့ မြို့မှရဲစခန်းမှ ရဲအုပ်​​ကျော်​မင်းထွန်းနှင့်အဖွဲ့အား အပ်​နှံလိုက်​ ပြီး တရားဥပ​ဒေ အတိုင်း ဆက်​လက်​​ဆောင်​ရွက်​ရန်​ဖြစ်​​ကြောင်း ကနဦးသတင်းများ အရသိရှိရပါသည်​။

Tauk Tun (မိုးညှင်းအော်သံ)
အမျိုးသမီး​ကျောင်းသူအ​ဆောင်​သို့ ကာရံထားသည့် သံဇကာအား ဖျက်​စီပြီး ဓားကိုင်ဝင်လာသူအား ဖမ်းဆီးမိ အမျိုးသမီး​ကျောင်းသူအ​ဆောင်​သို့ ကာရံထားသည့် သံဇကာအား ဖျက်​စီပြီး ဓားကိုင်ဝင်လာသူအား ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.