ဈေးကုန်တန်းကျေးရွာသား ၂ ဦးပျောက်ဆုံး၊ ပန်းတောပြင် ကျေးရွာသား ၁ ဦး အား တစ်ရွာတည်းနေသူများက ဖမ်းဆီးခေါ်ဆောင်


သြဂုတ် ၁၀၊၂၀၁၇

မောင်တောမြို့နယ် ဈေးကုန်တန်းကျေးရွာသား ၂ ဦး သည် သြဂုတ် ၈ ရက်နံနက်ပိုင်းက လှေပေါ်မှ ငါးများသွားသယ်စဉ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဈေးကုန်တန်းကျေးရွာနေ မာမွတ်ချား၂၆ နှစ် နှင့် ကာလာမျာ ၃၈ နှစ် တို့ ၂ ဦးသည်သြဂုတ် ၈ ရက် နံနက် ၅ နာရီခွဲတွင် လေယာဉ်ကွင်း ကျေးရွာရှိ အလယ်သံကျော်ချောင်းဝ၌ ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေပေါ်မှ ငါးများသယ်ရန် ဆိုင်ကယ်ဖြင့် အိမ်မှထွက်သွားခဲ့သည်။

ညနေ ၃ နာရီခွဲတွင် ၎င်းတို့ ၂ ဦးသည် ငါးများသယ်ယူ၍ အိမ်သို့ပြန်သွားကြောင်း ဖုန်းသတင်းအရ သိရှိရပြီး ည၁၀ နာရီအထိ အိမ်သို့ ပြန်ရောက်လာခြင်းမရှိသဖြင့် သြဂုတ် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အလယ်ချောင်း နယ်မြေစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။


ထို့ပြင် မောင်တောမြို့နယ် ပန်းတောပြင် အလယ်ရွာ ဆူလ်တန် ၄၇ နှစ်ကို သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် တစ်ရွာတည်းနေသူများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပန်းတောပြင်အလယ်ရွာနေ ဆူလ်တန်သည် သြဂုတ် ၉ ရက် နံနက် ၉ နာရီခွဲတွင်
မောင်တောမြို့သို့ သွားရောက်စဉ် တစ်ရွာတည်းနေ ဟာမိတ်ဟူဆိန်း ၃၆ နှစ် ပါ ၇ ဦးက ဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟာမိတ်ဟူဆိန်း ၃၆ နှစ် ပါ ၇ ဦးအားဖမ်းဆီးရမိရေး နယ်မြေရှင်းရှာဖွေလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom

ဈေးကုန်တန်းကျေးရွာသား ၂ ဦးပျောက်ဆုံး၊ ပန်းတောပြင် ကျေးရွာသား ၁ ဦး အား တစ်ရွာတည်းနေသူများက ဖမ်းဆီးခေါ်ဆောင် ဈေးကုန်တန်းကျေးရွာသား ၂ ဦးပျောက်ဆုံး၊ ပန်းတောပြင် ကျေးရွာသား ၁ ဦး အား တစ်ရွာတည်းနေသူများက ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.