ရေကျော်ချောင်းအလယ် စက်ရပ်သွားစဉ် ယာဉ်မောင်းတစ်ဦး ရေစီးနဲ့မျောပါပျောက်ဆုံး


ပြည်မြို့ကနေ မန္တလေးဘက်ကိုမောင်းနှင်လာတဲ့ ကုန်ကားတစ်စီး ရေကျော် ချောင်းရေကျနေချိန်မှာ ဖြတ်မောင်းလာခဲ့ရာ စက်ချို့ယွင်းပြီး ရပ်ထားနေစဉ် ယာဉ်မောင်းတစ်ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။


 ပြည်မြို့ကနေ မန္တလေးကို ကုန်အပြည့်တင်ဆောင်လာတဲ့ (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး တောင်တွင်းကြီး-မြို့သစ်-နတ်မောက်-ပျော်ဘွယ်လမ်းအတိုင်း မောင်းနှင်လာရာ ဩဂုတ်လ (၂၁)ရက် မနက် (၇) နာရီခန့်က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လေးအိမ်ရွာအနီး ရေကျော်မှာ ချောင်းရေကျနေစဉ် ဖြတ်ကူးခဲ့ရာ ချောင်းလယ်အရောက်မှာ စက်ချွတ်ယွင်း သွားလို့ ရေလယ်မှာ စက်ရပ်ထားချိန် အဲ့ဒီယာဉ်က ယာဉ်ပိုင်ရှင်ရဲ့သား ယာဉ်မောင်းဖြစ်သူမှာ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတာဖြစ်တယ်လို့ နတ်မောက်မြို့မရဲစခန်းရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဒီသတင်းကို ကိုအောင်အောင် (တောင်တွင်းကြီး) ကပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရေကျော်ချောင်းအလယ် စက်ရပ်သွားစဉ် ယာဉ်မောင်းတစ်ဦး ရေစီးနဲ့မျောပါပျောက်ဆုံး ရေကျော်ချောင်းအလယ် စက်ရပ်သွားစဉ် ယာဉ်မောင်းတစ်ဦး ရေစီးနဲ့မျောပါပျောက်ဆုံး Reviewed by THITHTOOLWIN on 06:03 Rating: 5
Powered by Blogger.