မြန်မာလုပ်သား ဖူးခက်မှာ လက်ပြတ်

မြန်မာလုပ်သား ဖူးခက်မှာ လက်ပြတ်
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် အပန်းဖြေကမ်းခြေမှာ မြန်မာ အလုပ်သမားတဦး သောကြာနေ့ ညနေက ကြံကြိတ်စက်ညှပ်လို့ လက်တဖက် ဆုံးရှုံးသွားခဲ့ပါတယ်။

အဲဒီ အသက် ၃၁ နှစ်ရှိ ကိုကျော်သူအောင် ဆိုသူဟာ နေ့စဉ်လုပ်ငန်းအဖြစ် ကြံရည်ကြိတ်ရင်း စက်ထဲမှာ ညှပ်နေတဲ့ ကြံတချောင်းကို စက်မပိတ်ပဲ ဆွဲယူဖယ်ရှားဖို့ ကြိုးစားစဉ် သူ့ရဲ့ ဝဲဖက်လက် စက်ထဲ ညှပ် သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ကြံကြိတ်စက်ကို ဖျက်ပြီး သူ့လက်ကိုဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာဆိုးဝါးတဲ့အတွက် ပြတ်သွားတဲ့လက်ကို ပြန်ဆက်ဖို့လမ်းမမြင်ဖူးလို့ နေးရှင်းသတင်းစာက ရေးပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာလုပ်သား ဖူးခက်မှာ လက်ပြတ် မြန်မာလုပ်သား ဖူးခက်မှာ လက်ပြတ် Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.