ပဲခူးမြို့ ကေတီဗွီတစ်ခုတွင် စကားများရန်ဖြစ်ရာမှ အမျိုးသား(၂)ဦး သေဆုံး


ပဲခူးမြို့၊ ပဲခူးရန်ကုန် ကားလမ်းနဘေးရှိ ဆည်းဆာကေတီဗွီမှာ သြဂုတ် (၁၄)ရက် နံနက်(၃)နာရ်ီခန့်က လူငယ်တွေ စကားများခိုက်ရန် ဖြစ်ပွားရာက (၂)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိသွားတယ်လို့ အမှတ်-(၃) နယ်မြေ ရဲစခန်းရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

 ဖြစ်စဉ်မှာ အမျိုးသား(၃)ဦးဟာ သြဂုတ်(၁၄)ရက် နံနက်(၁)နာရီကျော်ခန့်မှာ ဆည်းဆာ ကေတီဗွီ ရောက်ရှိလာပြီး အခန်းမအားသေးတာကြောင့် ဆိုင်ရှေ့မြေပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။

 အဲဒီအချိန် အခန်းထဲကနေ အမျိုးသား(၄)ဦး ထွက်လာပြီး စကားများရန်ဖြစ်ရာက ထိုင်စောင့်နေတဲ့(၃)ဦးထဲက (၁)ဦးဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

 နောက်တစ်ဦးမှာ ထိုးသွင်းဒဏ်ရာ(၂)ချက်နဲ့ ပဲခူးဆေးရုံကြီးအတွင်း ဆေးကုသမှုခံယူနေစဉ်သေဆုံးခဲ့ကာ ကျန်တစ်ဦးကတော့ ဒဏ်ရာတွေနဲ့ ပဲခူးဆေးရုံကြီးမှာ ဆေးကုသမှုခံ
ယူနေတယ်လို့ သိရပါတယ်။

 ပြစ်မှုကျူးလွန်သူ အမျိုးသား(၄)ဦးကို အမှတ်-(၃) နယ်မြေရဲစခန်း ၄၇၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄/၁၁၄ အရ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ အမှတ်(၃)နယ်မြေရဲစခန်း
တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုးကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/
ပဲခူးမြို့ ကေတီဗွီတစ်ခုတွင် စကားများရန်ဖြစ်ရာမှ အမျိုးသား(၂)ဦး သေဆုံး ပဲခူးမြို့ ကေတီဗွီတစ်ခုတွင် စကားများရန်ဖြစ်ရာမှ အမျိုးသား(၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.