လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ သြဂုတ် ၁၀

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်၊ ကျွဲခြံကျေးရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ပါသည်။

 အဆိုပါကျေးရွာနေ မချို(၄၀)နှစ်အား ၎င်း၏နေအိမ်၌ ဝဲရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ယာခြေသလုံးပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး စစ်ဆေးချက်အရ မချိုသည် နေအိမ်၌ ၎င်း၏ခင်ပွန်းဖြစ်သူ တင်မောင်ရွှေ(၄၆)နှစ်နှင့်အတူရှိနေစဉ် လင်မယားချင်းစကားများရန် ဖြစ်ရာမှ တင်မောင်ရွှေမှ မချိုအား အရိုးအသွား(၉)လက်မခွဲရှိ ဓားဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တင်မောင်ရွှေ အား မကွေးမြို့မရဲစခန်း (ပ)၁၅၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.