ဒရိုင်ဘာလည်း မဟုတ်၊ စပယ်ယာလည်း မဟုတ်


ရန်ကုန်ဘတ်စ်ကားသစ်တို့၏ ထူးခြားချက် တစ်ခုမှာ ကားအတွင်း လုံခြုံရေးကင်မရာ အများအပြား တပ်ဆင်ထားခြင်း ဖြစ်သည်။
ယာဉ်လိုင်းအမှတ် ၂ဝ၊ ၅၆ တို့ကို တက်စီးလျှင် လုံခြုံရေးကင်မရာများသာမက ယူနီဖောင်းဝတ်ထားသော လုံခြုံရေးဝန်ထမ်းကိုပင် ဝင်ပေါက်နှင့်မလှမ်းမကမ်းတွင် တွေ့ရဖွယ်ရှိသည်။

ယူနီဖောင်းဝတ် ဝန်ထမ်း၏ တာဝန်မှာ ကားမောင်းရန် မဟုတ်သလို စီးနင်းခ ကောက်ယူသည့် ကားစပယ်လည်း မဟုတ်ပေ။

ထိုဝန်ထမ်းတို့က ခရီးသည်များ ယာဉ်စီးခ မှန်ကန်စွာ ထည့်နိုင်ရေး၊ ခရီးသည်တို့၏ လုံခြုံရေးကို တာဝန်ယူကြမည်ဟု ၂ဝ၊ ၅၆ တို့ကို ကွပ်ကဲသည့် ကုမ္ပဏီက ဆိုသည်။

ဤသို့ဖြင့် ယာဉ်မောင်းသူက ယာဉ်မောင်းသည့်အလုပ်ကို ပိုမို အာရုံစိုက်နိုင်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

ယာဉ်အစီးရေ ၁ဝဝ ရှိသည့် ထိုလိုင်းနှစ်ခုတွင် လုံခြုံရေးဝန်ထမ်း အယောက် ၃ဝ ဖြင့် စမ်းသပ်ပြေးဆွဲနေသည် ဟု သိရသည်။

ခါးပိုက်နှိုက်များ၊ အမျိုးသမီးခရီးသည်ကို မဖွယ်မရာ ပြုလုပ်သူများ ကျက်စားတတ်သော ဘတ်စ်ကားများတွင် လုံခြုံရေးဝန်ထမ်း ထားရှိခြင်းမှာ ရန်ကုန်အတွက် ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နိုင်ငံအများအပြားအတွက်လည်း ပထမဆုံးအကြိမ် ဖြစ်နိုင်သည်။

 (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)
https://www.facebook.com/myanmarnownews
ဒရိုင်ဘာလည်း မဟုတ်၊ စပယ်ယာလည်း မဟုတ် ဒရိုင်ဘာလည်း မဟုတ်၊ စပယ်ယာလည်း မဟုတ် Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.