ကောဒွတ်ကျေးရွာ တံတားအောက်တွင် လက်ထိပ်ခတ် သတ်ဖြတ်၍ ပစ်ချခဲ့သည့် အမျိုးသားကို ဖမ်းမိ


မော်လမြိုင်၊ သြဂုတ် ၁၅

ရေးမြို့နယ်၊ လမိုင်းမြို့၊ ကော့ဒွတ်ကျေးရွာသွားလမ်း တပင် တံတားအောက်တွင် အမျိုးသားတစ်ဦးကို လက်ထိပ်ခတ်လျှက် သေဆုံးမှု ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်းသူ အမျိုးသားကို သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။

“ကျွန်တော်တို့ သေသွားတဲ့ လူ ကားက မော်လမြိုင်မြို့ ကန်သုံးကန်မှာ ရပ်ထားတယ်ပေါ့ အဲဒီကနေပြီးတော့ ကားထဲမှာ သွေးတွေကိုလည်း တွေ့ရတယ်။ အဲဒါကြောင့် ခြေရာခံ လိုက်ပြီးတော့ မနက်တုန်းက တရားခံကို မိတယ်” ဟု မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေဆုံးသူသည် မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်တွင် နေထိုင်သူ ဦးဝင်းမောင်(ခ) ဦးကြည်လွင်ဖြစ်ပြီး ၎င်းသည် သြဂုတ် ၁၁ ရက်နေ့က မျိုးဝင်း(ခ) ညိုဝင်းကို ငွေရေးကြေးရေး ကိစ္စကြောင့် အပြင်မှ ချိန်တွေစဉ် သတ်ခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သြဂုတ် ၁၁ ရက်နေ့က အိမ်ကလည်း သူပျောက်တဲဆိုပြီးတော့ မြိုင်သာယာရဲစခန်းမှ လူပျောက်တိုင်ကြားထားတယ်၊ သူကို သတ်ပြီးတော့ အလောင်းကို ကော့ဒွတ်မှ သွားရောက်ပစ်ထားခဲ့တယ်” ဟု မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလောင်းကို သြဂုတ်လ ၁၄ ရက်နေ့က ကော့ဒွတ်ကျေးရွာ သွားလမ်း တပင်တံတားအောက်၌ တွေရှိရပြီး လမိုင်းမြို့ တိုက်နယ်ဆေးရုံမှ အလောင်းကို စစ်ဆေးခဲ့ရာ လည်ပင်းဂုတ်ကျိုးနေပြီး လည်ဂုတ်တွင် သွေးထွက်ဒဏ်ရာများရရှိသည့် အပြင် အဆုတ်ထဲ ရေဝင်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လမိုင်းမြို့ နယ်မြေရဲစခန်းထံမှတ်တမ်းအရ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးဝင်း(ခ) ညိုဝင်းကို မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၃၇၅/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၂၀၁ အရ မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားလျက် ရှိကြောင်း ယင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခင်နန်းဌေး
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ကောဒွတ်ကျေးရွာ တံတားအောက်တွင် လက်ထိပ်ခတ် သတ်ဖြတ်၍ ပစ်ချခဲ့သည့် အမျိုးသားကို ဖမ်းမိ ကောဒွတ်ကျေးရွာ တံတားအောက်တွင် လက်ထိပ်ခတ် သတ်ဖြတ်၍ ပစ်ချခဲ့သည့် အမျိုးသားကို ဖမ်းမိ Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.