ခန္တီးမြို့မှာ ရေဘေး ကယ်ဆယ်ရေး စခန်း ၃ခုဖွင့်ထား

ခန္တီးမြို့အနိမ့်ပိုင်း ၄ရပ်ကွက်သို့ ချင်းတွင်းမြစ်ရေ တတိယအကြိမ်ဝင်ရောက်ရာ ပြောင်းရွေ့နေထိုင်သူများအတွက် ကယ်ဆယ်ရေး စခန်း၃ခုဖွင့်ထား
မုံရွာ သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ရက်ဆက်ရှိနေသည်မှာ ရက်သတ္တတစ်ပါတ်ခန့် ရှိနေပြီဖြစ်ရာ ချင်းတွင်းမြစ်ရေသည် သိသိသာသာတိုးလာပြီး ခန္တီးမြို့အနိမ့်ပိုင်း ၄ ရပ်ကွက်တွင် တတိယအကြိမ်ရေများ ဝင်ရောက်နေပြီဖြစ်သောကြောင့် ပြောင်းရွေ့နေထိုင်ကြသူများ ရှိလာရာ ကယ်ဆယ်ရေးစခန်း ၃ခု ဖွင့်လှစ်ထားကြောင်း လူမှုပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ ခန္တီးမြို့ခံကိုအောင်ဆန်းမြင့်ထံမှ သိရသည်။
``မနေ့ကစဝင်တာ အနိမ့်ပိုင်း၎ရပ်ကွက်က ရေအကုန်ဝင်နေပြီ အောင်သာရပ်သာစည်ရပ်မြို့မရပ်စတဲ့၎ရပ်ကွက်မှာရေဝင်နေပြီ။ ခန္တီးမြို့မဈေးကိုတော့ဒီနေ့သြဂုတ်၁၂ရက်မနက်ပိုင်းမှာ ကမ်းနားလမ်းဖက် စပြောင်းနေပြီ။မနေ့က ပြောင်းရွေ့ရတဲ့အိမ်ထောင်စု ၅၀ လောက်ရှိတယ်။ ကယ်ဆယ်ရေးစခန်းကို မြသိန်းတန်ဘုရားကုန်း မြို့မဘုန်းကြီးကျောင်းနဲ့ ကုန်းဝိုင်းဘုန်းကြီး ကျောင်းတွေမှာဖွင့်ထားတယ်။ဒီနေ့မှာတော့တာဝန်ရှိတဲ့ သူတွေက စာရင်းကောက်နေတာတွေ့ရပါတယ်။ခန္တီးကို အခုဝင် တာ တတိယအကြိမ်ပါ။ ရေကမနေ့ကထက်ဒီနေ့တစ်ပေခွဲတက်တာတွေ့ရ
တယ်။

ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်က ၁၃၆၀စင်တီမီတာဆိုတော့ အခုလက်ရှိ ဒီနေ့သြဂုတ်၁၂ရက်နေ့လည်မှာ ၁၃၉၈ထိရောက်နေတာ တွေ့ရပါတယ်။

အရင်ဒုတိယအကြိမ်တက်တုန်းကရေက ၁၅၀၀ စင်တီမီတာထိ တက်တာဆိုတော့ နည်းသေးတယ်လို့ပြောရင်ရပါတယ်။

မိုးကခန္တီးမှာလွန်ခဲ့တဲ့ တစ်ပါတ်လောက်ကစပြီးနေ့ရောညရော တစ်နေကုန်ရွာ နေ တာပါ။မုံရွာ-ခန္တီးလူစီးအမြန်ရေယာဉ်တွေ ကုန်တင်ရေယာဉ်တွေကတော့ ထွက်တုန်း ပါဘဲ။ မုံရွာကပိတ်မှသာခန္တီးကပိတ်မယ်ထင်ပါတယ်။´´ဟုကိုအောင်ဆန်းမြင့် ကပြောပြသည်။


လက်ရှိချင်းတွင်းမြစ်ရေအခြေအနေသည်ခန္တီးနှင့်ဟုမ္မလင်းဒေသတွင်သာမိုးများ၍စိုးရိမ်ရေမှတ်အထက်သို့ တက်ရောက်နေသော်လည်း မုံရွာမြို့ချင်းတွင်းမြစ်ရေ သည်စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း နောက်၂ရက်ခန့်တွင်မှ စိုးရိမ်ရေမှတ် သို့ရောက်ရှိ နိုင်ဖွယ်ရာရှိကြောင်း သြဂုတ်၁၂ရက်က ဝါရင့် မော်တော်လုပ်ငန်းရှင် ဦးသောင်းညွန့်ထံမှ သိရသည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခန္တီးမြို့မှာ ရေဘေး ကယ်ဆယ်ရေး စခန်း ၃ခုဖွင့်ထား  ခန္တီးမြို့မှာ ရေဘေး ကယ်ဆယ်ရေး စခန်း ၃ခုဖွင့်ထား Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.