အစိုးရနှင့် တပ်မတော် အပြန်အလှန် အသုံးချမှုများ ရှိနေဦးမည်ဟု ဗိုလ်မှူးကြီးအောင်မြင့်ဦး ပြောကြား


နေပြည်တော်၊ ဩဂုတ် ၁၄။

တပ်မတော်အနေဖြင့် လုံခြုံရေးပြသနာများအား အစိုးရအတွက် ကူညီဖြေရှင်းပေးတာဖြစ်ပြီး အစိုးရနှင့် တပ်မတော် အပြန်အလှန်အသုံးချနေမှုများရှိနေဦးမည်ဟု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ ပြည်တွင်း ပြည်ပ ဆက်ဆံရေးဌာန ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

“ပထမဦးဆုံး တပ်မတော်ပါတယ်ဆိုတာက လုံခြုံရေးပြသနာတွေကို အစိုးရကို ကူညီပြီးတော့ ဖြေရှင်းပေးတာ အစိုးရက Instrument တစ်ခုပဲလေ။ အစိုးရက ဒီနိုင်ငံကြီး တစ်ခုလုံး စည်းနဲ့ ကမ်းနဲ့ အသားကျသွားအောင်၊ Institutionlize ဖြစ်အောင် ဘယ်လောက်ထိ ကိုင်တွယ်နိုင်လဲ ဖြေရှင်းနိုင်လဲ အဲဒီလို ဖြေရှင်းနိုင်တဲ အခါမှာလဲ ကိုင်တွယ် မဖြေရှင်းနိုင်ရင် တပ်မတော်ကို အသုံးချနေရဦးမှာပဲ။ အဲဒီလို ပြဿနာတွေ အမြဲတမ်းရှိနေသရွေ့က တော့ တပ်မတော်နဲ့ အစိုးရနဲ့ အသုံးချတာနဲ့ အသုံးချခံရတာ ဘယ်လိုပဲပြောပြော ဒါကတော့ရှိနေနေမှာပဲ”ဟု ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

ဗိုလ်မှူးကြီး အောင်မြင့်ဦးသည် သြဂုတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဒီမိုကရေစီအသွင် ကူးပြောင်း မှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ခေတ္တနားချိန် သတင်းမီဒီယာများမေးမြန်းမှုတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲအား (၃)ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဖက်- အရပ်ဖက် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ သတင်းမီဒီယာများ အခန်းကဏ္ဍများအား သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ဆွေးနွေးခဲ့သည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
အစိုးရနှင့် တပ်မတော် အပြန်အလှန် အသုံးချမှုများ ရှိနေဦးမည်ဟု ဗိုလ်မှူးကြီးအောင်မြင့်ဦး ပြောကြား အစိုးရနှင့် တပ်မတော် အပြန်အလှန် အသုံးချမှုများ ရှိနေဦးမည်ဟု ဗိုလ်မှူးကြီးအောင်မြင့်ဦး ပြောကြား Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.