ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား


မိုးညှင်း သြဂုတ် ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် အင်းတော်ကြီးဒေသ ညောင် ပင်ကျေးရွာတွင် ခဲအိုဖြစ်သူက အသက် ၁၅ နှစ်အရွယ် ခယ်မ ဖြစ်သူအား အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အစ်မဖြစ်သူက တရားလိုပြုလုပ်၍ သြဂုတ်လ ၁၆ ရက်တွင် အမှုဖွင့်တိုင် ကြားခဲ့ကြောင်း သိရသည်။

စုံစမ်းသိရှိရသည်မှာ သြဂုတ်လ ၁၄ ရက် ညနေ ၄ နာရီခန့်က အင်းတော်ကြီးဒေသ ညောင်ပင် ကျေးရွာနေ မ......သည် နေ အိမ်၌ရှိနေစဉ် ညီမအငယ်ဆုံးဖြစ် သူ မ......(၁၅နှစ်) ရောက်ရှိလာ ပြီး သြဂုတ်လ ၁ဝရက်က ခဲအိုဖြစ် သူ ကိုကျော်ခိုင်(ခ) အကြီးကောင် က နေအိမ်တွင် အစ်မဖြစ်သူမရှိ ခိုက် အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်ကြား ခဲ့သည်။

ထို့ကြောင့် မဇင်မာဖြိုးသည် သြဂုတ်လ ၁၅ ရက်က မ......အား ဟိုပင်မြို့ရှိ ညီမဖြစ်သူ မ...... ထံသို့ပို့ဆောင်ပြီး အစ်မဖြစ်သူနှင့် တိုင်ပင်ကာ သြဂုတ်လ ၁၆ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် အစ်မဖြစ်သူက တရားလိုပြုလုပ်၍ ညီမဖြစ်သူ မ......အား သား မယားအဖြစ် ပြုကျင့်သူ ကျော်ခိုင် (ခ)အကြီးကောင်အား ဥပဒေအရ အရေးယူပေးပါရန် လုံးတုံနယ်မြေ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို့ကြောင့် လုံးတုံနယ်မြေ ရဲစခန်းက ကျော်ခိုင်(ခ)အကြီး ကောင်(၂၆နှစ်)ညောင်ပင်ကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြို့ နယ်နေထိုင်သူအား (ပ)၃၇/၂ဝ၁၇ ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.