မယားပါသမီး (၁၀)နှစ်​သမီး​ တတိယတန်း​ကျောင်းသူလေးကို မုဒိန်းကျင့်​တဲ့ ပ​ထွေး


၁၁-၈-၂၀၁၇

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ​ဇေယျာသီရိ(၃)ရပ်ကွက်​၊ ​မ..... အသက်(၁၀)နှစ်​၊ (ဘ)ဦးသန်း​အောင်​၊ တတိယတန်း​ကျောင်းသူသည်​ (၉-၈-၂၀၁၇)ရက်​​နေ့(၂၂၃၀)အချိန်​ တစ်​ဦးတည်း အိပ်​ယာဝင်​ခဲ့ပြီး မိခင်​ဖြစ်​သူနှင့်​ ပ​ထွေးဖြစ်​သူ ဦး​မောင်​ညွန့်​(၅၈)နှစ်​၊ (ဘ)ဦးထွန်းရှိန်​တို့ မှာ အိပ်​ယာဝင်​ခဲ့​ကြောင်း၊ (၁၀-၈-၂၀၁၇)ရက်​​နေ့(၀၆၀၀)အချိန်​ ​ဒေါ်......သည်​ အိပ်​ယာမှထစဉ်​ သမီးဖြစ်​သူ မ.....၏ မိန်းမကိုယ်​မှ ​သွေးများ ထွက်​​နေသည်​ကို​တွေ့ရှိရသဖြင့်​ ​ဆေးရုံသို့သွား​ရောက်​ကာ​ဆေးကုသမှု ခံယူခဲ့ရာ​ မသက်​သာသဖြင့်​ ခွဲစိတ်​ကုသမှုခံယူခဲ့ရကြောင်း သိရသည်​။

သမီးဖြစ်​သူ ကျန်းမာ​ရေး​ကောင်းမွန်​လာ​သော အချိန်​တွင်​ မိခင်​ ဖြစ်​သူမှ မ.....အား ဒဏ်​ရာနှင့်​ပတ်​သက်​၍ ​မေးမြန်းရာ ပ​ထွေးဖြစ်​သူ ဦး​မောင်​ညွန့်​မှ သားမယားအဖြစ်​ပြုကျင့်​ခဲ့​ကြောင်း ​ပြောပြ သိရှိရသဖြင့်​ သမီးဖြစ်​သူအား သားမယားအဖြစ်​ပြုကျင့်​ခဲ့သူ ဦး​မောင်​ညွန့်​ အားအ​ရေး ယူ​ပေးရန်​ (၁၀-၈-၂၀၁၇)ရက်​​နေ့(၁၉၄၅)အချိန်​ ​မိခင်​ဖြစ်​သူ ဒေါ်.....မှ တရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​ မြိတ်​မြို့မရဲစခန်း(ပ)၁၇၀၀/ ၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင့်​ ဖွင့်​လှစ်​​ဆောင်​ရွက်​လျက်​ ရှိ​ကြောင်း သိရသည်​။

မြိတ်​ခရိုင်​သတင်းနှင့်​မှုခင်းမီဒီယာ
မယားပါသမီး (၁၀)နှစ်​သမီး​ တတိယတန်း​ကျောင်းသူလေးကို မုဒိန်းကျင့်​တဲ့ ပ​ထွေး မယားပါသမီး (၁၀)နှစ်​သမီး​ တတိယတန်း​ကျောင်းသူလေးကို မုဒိန်းကျင့်​တဲ့ ပ​ထွေး Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.