အကြမ်းဖက်သမားများနှင့် ပတ်သက်သူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး

အကြမ်းဖက်သမားများနှင့် ပတ်သက်ကြောင်း မသင်္ကာသူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး
သြဂုတ် ၂၂၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂၀ ရက် နံနက် ၅ နာရီမှစတင်၍ မောင်တောမြို့နယ် နယ်မြေ(၇) နိုရူလ္လာကျေးရွာအတွင်း ဘီဒီပြေးများ ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက် သမားများနှင့် တရားခံပြေးများ ဝင်ရောက်ခိုအောင်းမှု မရှိစေရေး လှည့်ကင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့်ပတ်သက်ကြောင်း မသင်္ကာသူများအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများမှာ ရှောင်ရူအာလောင်(၃၈)နှစ် (ဖ) အဘူကာဆိမ်း ပါ အမျိုးသား ၆ ဦးအား ဖမ်းဆီးရမိခဲ့ပြီး မကျီးချောင်းနယ်မြေစခန်း၌ စစ်ဆေး လျက်ရှိကြောင်းသိရသည်။

ထို့အတူ မောင်တောမြို့နယ် နယ်မြေ(၆) မြို့ဦးကျေးရွာအုပ်စုရှိ ဟော်ရီတူလာ၊ ဇူလ၊ဇင်တူလာ၊ လက်သာ အောက်နှင့် လက်သာရွာမကြီး ကျေးရွာများအတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အဖွဲ့(၄)ဖွဲ့ခွဲ၍ နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများကရွာပြင်မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် မသင်္ကာသူများဖြစ်သည့် လက်သာအောက်ရွာ မှ အိမ်ထောင်စုအမှတ်၂၄ နေ မော်လဝီဆရာဘူကာဆိမ်း(၃၅)နှစ် (ဖ)ကာလာမျာ၊ ဟော်ရီတူလာ ရွာမှ အိမ်ထောင်စုအမှတ် ၁၄၃ နေ အာလီအာမောက်(၅၀)နှစ် (ဖ)လာလူး၊ ဟော်ရီတူလာ ရွာအနီး တွေ့ရှိသည့် သီဟိုဠ်ကျွန်းတောင်ရွာမှ အိမ်ထောင်စုအမှတ်၃၀ နေ မာမတ်အာရပ်(၂၀)နှစ် (ဖ)လုပ်မာန်ဟာကိန်း နှင့် အိမ်ထောင်စု အမှတ် ၇ နေ အီနာမိန်(၁၉)နှစ် (ဖ)နူမာလာကိန်း၊ ကန်ကျမြောက်ရွာမှ အာမီအာမတ်(၂၉)နှစ် (ဖ)ခေါ်ဘီအာမောက်နှင့် မြို့သူကြီးရွာဟောင်းမှ မာမတ်ဟာရှိန်း(၂၀)နှစ်(ဖ)အီစ္စမိုင်တို့ ၆ ဦးအား ပြင်ဖြူ နယ်မြေစခန်းတွင် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
အကြမ်းဖက်သမားများနှင့် ပတ်သက်သူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး အကြမ်းဖက်သမားများနှင့် ပတ်သက်သူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.