ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား ထပ်မံတိုက်ခိုက်သည့် အခြေအနေများ


နေပြည်တော် ၊ သြဂုတ် - ၂၅

ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော် စစ်ကြောင်း များအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မောင်တော မြို့နယ်၊ ကြိမ်ချောင်းကျေးရွာနှင့် နံနက် ၁၁ နာရီ ၅ မိနစ်တွင် ၀က်ကြိမ်းကျေးရွာတို့၌ ဆွဲမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ စစ်သည် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသည်။


နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်၍ ကျားခေါင်းတောင်ရဲကင်းစခန်းအား ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက် သမားများ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့သဖြင့် ၎င်းအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့နောက်သို့ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လိုက်လံချေမှုန်းလျက်ရှိသည်။


နံနက် ၉ နာရီ ၄၅ မိနစ်မှ ယခုအချိန်အထိ နတ်ချောင်းရဲကင်းစခန်းသို့ အင်အား ၃၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းခုခံကာကွယ်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား ထပ်မံတိုက်ခိုက်သည့် အခြေအနေများ ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား ထပ်မံတိုက်ခိုက်သည့် အခြေအနေများ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.