အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ မြန်မာကစားသမားများ ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူး

သတင်း-အေကေလင်း၊ ဓာတ်ပုံ-အောင်နိုင်(ကာယဗလအဖွဲ့ချုပ်)
ရန်ကုန် သြဂုတ် ၂၅

(၅၁)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို တောင် ကိုရီးယား နိုင်ငံ ဆိုးလ်မြို့၌ သြဂုတ် ၂ဝ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက် ရှိရာ အဆိုပါပြိုင်ပွဲ ၌ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား သမားများက ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိကာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့သည်။

ယင်းပြိုင်ပွဲ၌ ၇ဝ ကီလိုတန်းတွင် မြန်မာကာယဗလကစားသမား ရဲထွန်းနောင်က ရွှေ၊ မလေးရှားက ငွေ၊ အင်ဒိုနီးရှားက ကြေးတံဆိပ် ဆုဖြင့် လည်းကောင်း၊ ၆၅ ကီလိုတန်းတွင် ထွန်းမင်းက ရွှေတစ်ခု၊ Master ပြိုင်ပွဲတွင် ထွန်းထွန်းအောင်က ရွှေတစ်ခုရရှိပြီး ၆ဝ ကီလိုတန်းတွင် မလေးရှား က ရွှေ၊ မြန်မာက ထွန်းထွန်းအောင်က ငွေ၊ အင်ဒိုနီးရှားက ကြေးတံ ဆိပ်ဆု အသီးသီးရရှိခဲ့ကြသည်။

သြဂုတ် ၂၅ ရက်က ပြုလုပ်သည့် အမျိုးသမီးကာယကြံ့ခိုင်မှု Athetetic Physiqueပြိုင်ပွဲတွင် တရုတ်နိုင်ငံက ပထမ၊ ဗီယက်နမ်က ဒုတိယ၊ မြန်မာမှ နှင်းနှင်းအေးက တတိယဖြင့်လည်းကောင်း၊ Model Physique ၁၆ဝ စင်တီမီတာ အောက်ပြိုင်ပွဲ၌ မွန်ဂိုလီးယားက ပထမ၊ ထိုင်း က ဒုတိယ၊ မြန်မာမှ နန်းလောင်ခမ်းက တတိယ အသီးသီးရရှိကြသည်။

ယင်းမြန်မာအားကစားအဖွဲ့ကို မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမျိုးသား နည်းပြ အဖြစ် ဦးအောင်နိုင်၊ အမျိုးသမီးနည်းပြ ဦးမြင့်သိန်း၊ ဒိုင် ဒေါ်ရီရီဝင်း တို့က ကြီးကြပ်ခဲ့ပြီး သြဂုတ် ၂၆ ရက် ညနေပိုင်းတွင် ပြန်လည်ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ မြန်မာကစားသမားများ ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူး အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ မြန်မာကစားသမားများ ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူး Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.