ယာဉ်​နှစ်​စီး မျက်​နှာချင်းဆိုင်​တိုက်​မိရာမှ ယာဉ်​​မောင်းတစ်​ဦး​သေဆုံး


ကျိုက်​ထို၊ သြဂုတ်​ ၁၃

ကျိုက်​ထိုမြို့နယ်​ မရမ်းချောင်းကျေးရွာတွင်ြ​သဂုတ်လ ၁၃ ရက်နေ၌ ပရိုဘောက်ကားနှင့်​ ခရီးသည်​တင်​ ယာဉ်​တို့တိုက်​မိရာ ယာဉ်​​မောင်​တစ်​ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ရန်​ကုန်​ ​မော်​လမြိုင်​ အ​ဝေး​ပြေးလမ်း မိုင်​တိုင်​အမှတ်​ ၉၁အနီးတွင်​ ပရို​ဘောက်​အမျိုးအစား ယာဉ်​သည်​ လမ်း​ကွေ့​နေရာ၌ အရှိန်​မထိန်းနိုင်​၍ ရန်​ကုန်​ဘက်​မှ ​မောင်းနှင်​လာသည့်​ ခရီးသည်​တင်​ Express ယာဉ်​အား ဝင်​တိုက်​ခဲ့​ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်​တိုက်​မှု​ကြောင့်​ပရို​ဘောက်​ယာဉ်​​မောင်းနှင်​သူနှင့်​ ကား​ပေါ်သို့ လိုက်​ပါလာသည်​ အမျိုးသားတစ်​ဦးသည်​ အခင်းဖြစ်​​နေရာ၌ ​သေဆုံးခဲ့ပြီး ကား​ပေါ်သို့ လိုက်​ပါလာသည့်​ အမျိုးသမီးသည်​ သတိလစ်​​နေခဲ့၍ သိမ်​ဆိပ်​ ပြည်​သူ့​ဆေးရုံသို့ တင်​ပို့ထား​ကြောင်း သိရသည်​။

သေဆုံးသူများနှင့်​ သတိလစ်​​နေသူ အမျိုးသမီးတို့အား ​နေရပ်​လိပ်​စာအား မသိရှိ​ကြောင်း စုံးစမ်းလျှက်​ရှိ​ကြောင်း ယင်းနယ်​​မြေရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

ရွှေစင်​ (ကျိုက်​ထို)
https://www.facebook.com/hintharmediacorporation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ