ယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ကော့ရင်းအောက်ကျေးရွာ၊ ဘားအံ-သထုံကားလမ်း၊ မိုင်တိုင် အမှတ်(၁၈/၀-၁)ကြားတွင် ယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

သထုံဘက်မှ ဘားအံဘက်သို့ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ထိန်လင်း(၃၉)နှစ်မောင်းနှင်ပြီး မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးမျိုးအောင်(၃၆)နှစ်နှင့် ကော့က ရိတ်မြို့နေ ဦးတဖီး(၅၈)နှစ်တို့လိုက်ပါလာသည့် 7N/×××× Nissan ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ အောင်လံမြို့နယ်၊ ဒိုင်းစုရွာနေ ဇင်မင်းထွန်း (၃၀)နှစ်မောင်းနှင်လာသည့် 9L/×××× GI Group Express ယာဉ်အားဝင်ရောက်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်မောင်း ထိန်လင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဇင်မင်းထွန်း၊ မျိုးအောင် နှင့် ဦးတဖီး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ထိန်လင်း အား ဘားအံမြို့မရဲစခန်း ယာဉ်(ပ)၆၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ ယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.