ဒိုင်ရဲ့ အဆုံးအဖြတ်ကို မကျေနပ်လို့ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်နေချိန် ပွဲမပြီးသေးပဲ ကွင်းထဲက ထွက်ခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျော်ခြင်း အသင်း


အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျေ်ခြင်း အသင်းဟာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်နေချိန် ပွဲမပြီးသေးဘဲ အားကစားရုံထဲက ဆန္ဒပြ ထွက်ခွာသွားတယ်လို့ channel news asia သတင်းမှာ ဖော်ပြထားပါတယ်။ မနေ့က ဆီးဂိမ်း အိမ်ရှင် အမျိုးသမီး အသင်းဟာ အင်ဒိုနီးရှား အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

 ပထမပွဲမှာ မလေးရှား အသင်းက (၂၂) မှတ်၊ အမှတ် (၂၀) နဲ့ အနိုင်ရပြီး ဒုတိယပွဲဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒုတိယပွဲစဉ် အရောက်မှာတော့ အင်ဒိုနီးရှားအသင်းက (၁၆) မှတ် (၁၀) မှတ်နဲ့ အမှတ်သာနေချိန်မှာ အင်ဒိုနီးရှား နောက်ထိန်းအမျိုးသမီးရဲ့ စ ပေးခြင်းလုံး ခတ်ပုံကို ဒိုင်လူကြီးက ပြစ်ဒဏ်ပေးခဲ့ပါတယ်။

 အဲဒီနောက်မှာတော့ အင်ဒိုနီးရှား အသင်းနည်းပြ အစရီ ဆိုင်ယမ်က ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြတဲ့ အနေနဲ့ ခြင်းကွင်းထဲ အပြေးဝင်ရောက်လာခဲ့ပါတယ်။ဒါ့အပြင် ကစားသမားတွေကိုလည်း ခြင်းကွင်းထဲက ထွက်ခွာသွားဖို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

 ပွဲတာဝန်ရှိသူတွေက ပြိုင်ပွဲမပြီးခင် ကွင်းထဲက ထွက်မသွားဖို့ အသနားခံခဲ့ကြပေမယ့်လည်း အင်ဒိုနီးရှား နည်းပြအပါအ၀င် ကစားသမားတွေဟာ ပြိုင်ပွဲကျင်းပတဲ့ တီတီဝန်ဆာ အားကစားရုံကြီးထဲက အလျင်အမြန်ထွက်ခွာသွားကြပါတယ်။

 အဲဒီနောက်မှာတော့ ဒိုင်လူကြီးက မလေးရှားအသင်းကို (၂) ပွဲပြတ်အနိုင်ပေးလိုက်ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာတော့ မလေးရှား အမျိုးသမီးအသင်းဟာ ထိုင်းအမျိုးသမီးအသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ ထိုင်းအသင်းက အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိသွားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက မလေးရှား ဆီးဂိမ်းလက်စွဲစာအုပ်မှာ အင်ဒိုနီးရှား နိုင်ငံအလံကို ဇောက်ထိုးဖော်ပြမိခဲ့တာကြောင့် မလေးရှားနိုင်ငံအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
ဒိုင်ရဲ့ အဆုံးအဖြတ်ကို မကျေနပ်လို့ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်နေချိန် ပွဲမပြီးသေးပဲ ကွင်းထဲက ထွက်ခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျော်ခြင်း အသင်း ဒိုင်ရဲ့ အဆုံးအဖြတ်ကို မကျေနပ်လို့ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်နေချိန် ပွဲမပြီးသေးပဲ ကွင်းထဲက ထွက်ခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျော်ခြင်း အသင်း Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.