သူခိုး ဓားနဲ့ ထိုးလို့ အိမ်ရှင် သေဆုံး


ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ ၊ မြကန်သာရပ်ကွက်၊ POWER 9 ဖုန်းဆိုင်မှာ သြဂုတ်လ ၁၁ ရက်နေ့  ည ၁၁နာရီခွဲ အချိန်ခန့် က ဆိုင်အတွင်း သံကြားလို့ သွားကြည့်တဲ့ အိမ်ရှင် ၊ သူခိုး ဓားနဲ့ ထိုးလို့ သေဆုံးသွားကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၁ ရက်နေ့  ည ၁၁နာရီခွဲ အချိန်ခန့် က  ဆီဆိုင်မြို့  မြကန်သာရပ်ကွက် မြို့ လယ်ဓမ္မာရုံတောင်ဖက်ရှိ POWER 9 ဖုန်းဆိုင်အတွင်းသို့  (အမည် နေရပ်လိပ်စာ စိစစ်ဆဲ) အမည်မသိ လူတစ်ယောက် ဝင်ရောက် ခိုးယူစဉ် အိမ်ရှင်ဖြစ်သူ ခွန်ကျော်မိုးမှ အသံကြားလို့  သွားရောက်ကြည့်ရှုရာ သူခိုးက အသင့်ပါလာတဲ့ ဓားနဲ့ ထိုးခဲ့ပါတယ်။

အဆိုပါ သူခိုး ဓားနဲ့ ထိုးတဲ့အတွက် ခွန်ကျော်မိုးမှာ ဘယ်ဖက်ရင်တွင် တစ်ချက်၊ ဝမ်းဗိုက်မှာတစ်ချက်၊ ဘယ်ဖက်ချိုင်းအောက်ဖက်မှာတစ်ချက်၊ ဘယ်ဖက်လက်ဖျန်မှာတစ်ချက်၊ ဓားဒါဏ်ရာ ၄ ချက်နဲ့  နေရာတင် သေဆုံးသွားခဲ့ပါတယ်။


 အဆိုပါသူခိုးကို ပတ်ဝန်းကျင်အနီးမှာ ရှိနေတဲ့ လူငယ်များက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ဆီဆိုင်မြို့  ရဲတပ်ဖွဲ့ ကို အကြောင်းကြားကာ အပ်နှံခဲ့သည့်အတွက် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။  ။ ဦးစံဝင်းမောင်

သစ်ထူးလွင်
သူခိုး ဓားနဲ့ ထိုးလို့ အိမ်ရှင် သေဆုံး သူခိုး ဓားနဲ့ ထိုးလို့ အိမ်ရှင် သေဆုံး Reviewed by THITHTOOLWIN on 07:34 Rating: 5
Powered by Blogger.