တရုတ်က၀င်တဲ့ စားသောက်ကုန်တွေကို ဖျက်ဆီး

တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက စားသောက်ကုန်တွေကို သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးစဉ်။ Photo: Kan Thar/RFA
တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ ကျပ်သိန်းပေါင်း ၁၄၀၀ (တစ်ထောင့်လေးရာ) ၀န်းကျင် တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့ ပစ္စည်းတွေကို လားရှိုး မြို့နယ် အကောက်ခွန်ဌာရုံးဝင်းအတွင်းမှာ ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ဒီကနေ့ ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေအကြောင်း အခုလို ပြောပါတယ်။

ဒီကနေ့ ဖျက်စီးခဲ့တဲ့ ပစ္စည်းတွေ အများစုဟာ ဘီယာ၊ ကလေးစားစရာမုန့်၊ စားသုံးဆီ၊ အချိုရည်၊ ကြက်အူချောင်း စတဲ့ပစ္စည်းတွေ အများဆုံးဖြစ်ပါတယ်။

အ၀တ်အထည်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်း စတဲ့ လူသုံးကုန်ပစ္စည်းအတွက်ကို မီးရှို့ဖျက်ဆီးတာ မလုပ်ဘဲ ရွေးယူဒဏ်ငွေ နဲ့  ကျသင့်အခွန် ငွေအတိုင်း တန်ဖိုးဖြတ်ပြီး ရွေးယူခွင့်ပြုပေးထားသလို မယူတော့ဘူးဆိုရင် အဲဒီ ပစ္စည်းတွေ ကို  လေလံစနစ်နဲ့ ရောင်းချသွားမယ်လို့  ဦးသန့်ဇင်ထွန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ