ယာဉ်မောင်းအိပ်ငိုက်ကာ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် လက်ဘက်ရည်ဆိုင်ကို အရှိန်လွန်ဝင်တိုက်မိ


ရေတာရှည် သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ ဆင်နှစ်ကောင်လမ်းဆုံး၌ သြဂုတ် ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ယာဉ်မောင်းအိပ်ငိုက်ကာ ကားလမ်းအနောက်ဖက်ရှိ ရပ်တန့်ထား သော သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် လက်ဘက်ရည်ဆိုင်တို့အား အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရ သည်။

 သာဂရနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ် စိန်သောင်း နှင့်တာဝန်ရှိသူများက သွားရောက်စစ် ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ သောင်းဟန် ၃၁ နှစ်၊ ဂွေးပင်ကျေးရွာ၊ နတ်မောက်မြို့နယ်နေသူမောင်းနှင်လာသော 9J/------- FUSO ၁၂ ဘီးယာဉ်သည် သာဂရမြို့လယ် ရန်ကုန်–မန္တလေးကားလမ်းနှင့်သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်ကားလမ်းဆုံ မိုင်တိုင် ၂ဝ၄/၄ နှင့် ၅ အကြားအရောက်အိပ်ငိုက်သွားရာမှ ကားလမ်းအနောက်ဘက်တွင်ရပ်တန့်ထားသော သုံးဘီးဆိုင် ကယ်နှစ်စီး၊ ဦးလှမြင့်၏နေအိမ်ဈေးဆိုင်ကိုပါဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရ၍ သာဂရနယ် မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယာဉ်မောင်းအိပ်ငိုက်ကာ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် လက်ဘက်ရည်ဆိုင်ကို အရှိန်လွန်ဝင်တိုက်မိ ယာဉ်မောင်းအိပ်ငိုက်ကာ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် လက်ဘက်ရည်ဆိုင်ကို အရှိန်လွန်ဝင်တိုက်မိ Reviewed by THITHTOOLWIN on 07:17 Rating: 5
Powered by Blogger.