အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်သူ ၂၃ ဦး အား ဖမ်းဆီးအရေးယူ

မသင်္ကာသူ (၄၉)ဦး အားခေါ်ယူစစ်ဆေး ၊ အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်သူ ၂၃ ဦး ဥပဒေနှင့်အညီ အရေးယူ
သြဂုတ် ၁၈၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ(၁၁)ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာ အုပ်စုတွင် အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူများ ရောက်ရှိနေကြောင်း သတင်း အရ သြဂုတ် ၁၅ရက် နံနက် ၅ နာရီခွဲတွင် လှည့်ကင်းဆောင်ရွက်ခဲ့ရာ ဦးလှဖေ(မြောက်)ကျေးရွာနေ မသင်္ကာဖွယ်တွေ့ရှိသူ ရော်ကိန်း(ခ) ဖူဟမ်း (၂၇)နှစ်ပါ အမျိုးသား(၄၉)ဦးအား ညောင်ချောင်း နယ်မြေရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

အကြမ်းဖက် အဖွဲ့အစည်းများ နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် အိမ်ထောင်စုစာရင်းများနှင့်တိုက်ဆိုင် စစ်ဆေးခဲ့ရာတွင်လည်း BDပြေးစာရင်းတွင် ပါဝင်မှု မရှိကြောင်း စစ်ဆေးသိရှိရသည့် ဘူးသီးတောင်မြို့နယ် ဦးလှဖေ ကျေးရွာနေ ဟာဘီအူလာ(၅၅)နှစ် ပါ အမျိုးသား(၁၂)ဦး အား သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များထံ ပြန်လည်အပ်နှံခဲ့သည်။

ခေါ်ယူစစ်ဆေးခဲ့သည့် အမျိုးသား ၄၉ ဦးအနက်မှ အမျိုးသား(၂၃)ဦး သည် အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်ကြောင်း စစ်ဆေးသိရှိရ၍ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူရန်စီစဉ်လျက်ရှိကြောင်းနှင့် ကျန်(၁၄)ဦး အား ဆက်လက်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်သူ ၂၃ ဦး အား ဖမ်းဆီးအရေးယူ အကြမ်းဖက်အဖွဲ့များနှင့် ပါဝင်ပတ်သက်သူ ၂၃ ဦး အား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.