ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ ခန့်ရှိ ငါးသေတစ်ကောင်တွေ့ရှိ


ဟိုင်းကြီးကျွန်း သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ၊ ပင်လယ်ကမ်းခြေတွင် သြဂုတ်လ ၁၁ ရက် နံနက် ၈ နာရီကဝေလ ငါးဟုယူဆရသော ငါးကြီး(ဒေသအခေါ်)ဂန်းမ အသေတစ်ကောင်ကို ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ငါးကြီး၏ ဦးခေါင်းမှအမြီးပိုင်းအထိအရှည်မှာပေ ၃၀ ခန့်ရှိကြောင်းနှင့် ၄င်းနေရာသို့ဌာဆိုင်ရာတာဝန်ရှိသူများသွားရောက်ကြည့်ရှု စစ်ဆေးနေကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ ခန့်ရှိ ငါးသေတစ်ကောင်တွေ့ရှိ ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ ခန့်ရှိ ငါးသေတစ်ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.