လှိုင်မြို့နယ်တွင် လူတစ်ဦး(၃)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျမှုဖြစ်


ရန်ကုန်၊ သြဂုတ် ၁၁

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၆)
ရပ်ကွက်၊ (၅၁)လမ်းရှိ လူတစ်ဦး (၃)လွှာ တိုက်ခန်းပေါ်မှပြုကျကြောင်း
သတင်းအရ လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်
အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။


ယင်းသို့ စစ်ဆေးခဲ့ရာ တိုက်ပေါ်မှပြုတ်ကျသူမှာ နယ်မှဈေးလာရောင်းသူ
သဲစုဝေ(ခ)မသဲသဲမောင်၊ (၂၇)နှစ် ဖြစ်ပြီး ၎င်းသည် ယောင်္ကျားစိတ်ပေါက်
နေသူဖြစ်ပြီး အရက်အနည်းငယ်သောက်စားထားက ပြူတင်းပေါက်
ဘောင်ပေါ်တွင်ထိုင်ပြီး သီးချင်းနားထောင်နေစဉ် ဘောင်ပေါ်သို့
ထောက်ထားသော လက်မှချော်ထွက်ကာ ဟန်ချက်ပျက်ပြီး ပြုတ်ကျ
ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ဆေး
ကုသခဲ့ရာ ၀ဲဘက်နံရိုး (၃)ချောင်းကျိုးသွားခဲ့ပြီး အရေးပေါ်ကုသမှုခံယူကာ
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
လှိုင်မြို့နယ်တွင် လူတစ်ဦး(၃)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျမှုဖြစ် လှိုင်မြို့နယ်တွင် လူတစ်ဦး(၃)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျမှုဖြစ် Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.