နမ့်ခမ်းမြို့နယ်အတွင်း တရားမ၀င် သစ်တင်ယာဉ်နှင့်သစ်များ သိမ်းဆည်းရမိ


နေပြည်တော် ၈-၈-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းသည် သြဂုတ် ၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဟိုနားကျေးရွာ အနီးသို့အရောက်၌ လမ်းဘေး ချုံများအတွင်း ရပ်တန့်ထားသော ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ်သုံးစီးနှင့် ယာဉ်များပေါ်တွင် တင်ဆောင်ထားသော စကားဝါသစ်အမျိုးအစား ၅ တန်ခန့်နှင့် ကျွန်း/သစ်မာခွဲသားဆိုဒ်စုံ ၁၉ တန်ခန့်တို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ဟိုနားကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ သို့အရောက်၌ လမ်းဘေးချုံများ အတွင်းရပ်တန့်ထားသော ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ် ၁၂ စီးနှင့် ယာဉ်များ ပေါ်တွင် တင်ဆောင်ထား သော ကျွန်း/သစ်မာခွဲသား ဆိုဒ်စုံ ၅၁ တန် ကျော်အား ပိုင်ရှင်မဲ့ ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိယာဉ်များနှင့် သစ်များအား နမ့်ခမ်းမြို့၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily/
နမ့်ခမ်းမြို့နယ်အတွင်း တရားမ၀င် သစ်တင်ယာဉ်နှင့်သစ်များ သိမ်းဆည်းရမိ နမ့်ခမ်းမြို့နယ်အတွင်း တရားမ၀င် သစ်တင်ယာဉ်နှင့်သစ်များ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.