အမေရိကန် စစ်သင်္ဘောအုပ်စု အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ

လာမယ့် သီတင်းပတ်အတွင်း အငြိမ်းစား ယူဖို့ ရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး Joseph Aucoin ရာထူးကနေ အထုတ်ပယ်ခံခဲ့ရ
အာရှဒေသမှာ ၂လတာ ကာလအတွင်း လူသေဆုံးခဲ့ရတဲ့ သင်္ဘောတိုက်မှုကြီး နှစ်ခု ဖြစ်ခဲ့အပြီး အမေရိကန် ရေတပ်က Seventh Fleet စစ်သင်္ဘောအုပ်စု အကြီးအကဲ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Joseph Aucoin ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

သူ့ရဲ့ ကြီးကြပ်နိုင်စွမ်းအပေါ် ယုံကြည်စိတ် မရှိတော့တဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အမေရိကန် ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အခုနောက်ဆုံး တနင်္လာနေ့က စင်္ကာပူနားမှာ ဖြစ်ခဲ့တဲ့ the Seventh Fleet စစ်သင်္ဘောအုပ်စုထဲက ဖျက်သင်္ဘော USS John McCain နဲ့ ရေနံတင် သင်္ဘောတစင်း တိုက်မိမှုအတွင်း သင်္ဘောသား ၁၀ဦး သေဆုံးသွားတယ်လို့ ယူဆရပါတယ်။

ဇွန်လတုန်းကလည်း ဂျပန်နိုင်ငံနားမှာ ဖျက်သင်္ဘောတစင်းနဲ့ ကုန်တင် သင်္ဘောတစင်း တိုက်မိခဲ့ပြီး အမေရိကန် သင်္ဘောသား ၇ဦး သေဆုံးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန် စစ်သင်္ဘောအုပ်စု အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ အမေရိကန် စစ်သင်္ဘောအုပ်စု အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.